ပျိုး
အပိုင်း (၄၈)
#ပျိုး
“ပါပါး…မောနင်း…”
“နိုးပြီလား..သမီး…”
“အွင်း…မာမား သင်တန်းသွားပြီလား..”
“သွားပြီ…သမီးရဲ့…”
ဆံပင်လေးတွေ စုတ်ဖွားပြီး မျက်လုံးကို ပွတ်ရင်း မေးတော့ စွမ်းရည် လုပ်လက်စ အလုပ်တွေကို ထားခဲ့လိုက်သည်။
သမီး ဆံပင်တွေကို သပ်ပေးကာ လက်မှာ ပတ်ထားမိတဲ့ မြတ်နိုးရဲ့ ခေါင်းချည်ကွင်းနဲ့ပဲ ချည်ပေးလိုက်ရသည်။
“ဖြူဖြူ တို့ ကျောင်းပိတ်ရင် မာမား က သင်တန်းတက်နေရတော့ မေမေကြီးဆီတို့ ဘွားဘွားဆီတို့ မသွားရဘူး…”
“ဟုတ်တယ်နော်…မာမား သင်တန်း က နောက်တစ်ပတ် ပိတ်ရက်ကို ခွင့်ယူခိုင်းပြီး ပါးတို့ သွားကြမယ်လေ…”
စွမ်းရည် ပြောလိုက်တော့ သမီး က ခေါင်းညိတ်ပြီး ရေချိုးခန်းဆီကို ၀င်သွားသည်။
သွားတိုက်တံ အဆင်သင့်လုပ်ပေးထားလို့ ယူတိုက်နေပြီမို့ စွမ်းရည် အေပရွန်ကို မချွတ်ပဲ အခန်းထဲကို ၀င်သွားလိုက်သည်။
အိပ်ပုတ်လေးက အိပ်ကောင်းတုန်းပဲ..။
“သား..ဟာရု…သား…ထတော့လေကွာ…မနက်ဖြန် ကျောင်းရှိတယ်..သား ဒီလောက်အိပ်နေရင် ညဘက် အိပ်မရဖြစ်လိမ့်မယ်နော်…”
“အ…ပါပါး…လုပ်နဲ့..နီ ဒေါင်းနာလို့..”
“အိပ်ပုတ်တာကိုး…ခေါင်းနာမှာပေါ့..ထတော့လို့ သားရဲ့..”
သား ဗိုက်ကို ပွတ်ပြီး ထပ်ခေါ်တော့ ထ မလာလို့ ပွေ့ချီပြီး မီးဖိုခန်းကို ခေါ်လာခဲ့လိုက်ရသည်။
“ဟင့်…အီး…ဒေါင်းနာရို့…”
“ဟင်..သား…ဘာလို့လဲ သားရဲ့..ဟင်…”
သား က ပုံမှန်နေ့တွေလို မဟုတ်ပဲ အော်ငိုတော့မှ စွမ်းရည် ပျာလောင်ခတ်ကာ ရင်ပူသွားရသည်။
“ဘယ်နားက နာတာလဲဟင်…ဘယ်နားနာတာလဲ…”
“ဒီနား…”
သား က ခေါင်းငုံ့ပြတော့ စွမ်းရည် ကပျာကယာ ကြည့်လိုက်ရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...