ပျိုး
အပိုင်း(၅)
#ပျိုး
06030130
“ဘန်း…”
မေလေး အိပ်ပျော်နေချိန် ရေလောင်းသံကြားရလို့ ငုတ်တုတ် ထထိုင်မိသည်။
အခန်းထဲမှာ မလင်းသေးပေမဲ့ မျက်လုံးကို လက်ဖနောင့်နဲ့ ပွတ်ကြည့်တော့ ဟိုကောင်မက အ၀တ်တွေကို ချိတ်မှာ ချိတ်ပြီး အ၀တ်တန်းပေါ်ကို လှမ်းချိတ်နေသည်။
မနက်စောကြီး သူ ဘာတွေ လုပ်နေတာလဲ..။
မေလေး မျက်လုံး ကို ထပ်ပြီး ပွတ်ကာ အိပ်ရာဘေးက နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီပဲ ရှိသေးသည်။
မေလေး အိမ်မှာဆို ရှစ်နာရီ မေမေ နှိုးရင်တောင် အိပ်ရာပေါ်မှာ လှိမ့်နေသေးသည်။
“စောကြီးပဲ..”
မေလေး အိပ်ရာပေါ် ပြန်လှဲချပြီး ပြန်အိပ်နေလိုက်သည်။
မေလေး ဘေးနားက စောင်ကို ဆွဲယူတော့ မျက်လုံး ပြန်ဖွင့်ရသည်။
သူခြုံတဲ့ စောင်တွေခေါက်ပြီး ခေါင်းအုံးပေါ်တင်ထားကာ ခေါင်းဖြီးယူပြီး ဖြီးနေသည်။
သူ့ဆံပင်က ဖောင်းဖောင်းတိုတို ဆိုတော့ လည်ဂုတ်တောင် မရောက်ဘူး..။
ဘီးဖြီးပြီးတော့ ဆံပင်တွေကို နောက်လှန်သပ်တင်ကာ လွယ်အိတ်ကို ဆွဲယူပြန်သည်။
စာအုပ်တွေကို သေချာစီထည့်ပြီး ကွန်ပါဘူးထဲက ဘောပင်တွေကို သေချာ ပြန်စီသည်။
မေလေး ဆိုရင် မေမေ က လွယ်အိတ်စစ် အချိန်ဇယားစစ်ပေးသည်။
မမပန် က လွယ်အိတ်လွယ်ပြီး အဆင်သင့် ကျောင်းလိုက်ပို့တာပါ..။
သူ့ကွန်ပါဘူးတို့ လွယ်အိတ်တို့ကြည့်တော့လည်း အပေါစားတွေလိုပါပဲ..။
လွယ်အိတ်ဇစ်က ကြပ်နေတာကို ဖြည်းဖြည်းချင်းဖော့ဆွဲနေတော့ မေလေး နှာခေါင်းရှုံ့မိသည်။
“ဇစ်က ပျက်နေပြီ…အသစ်မ၀ယ်ဘူးလား…”
မေလေး ကို တစ်ချက်လှည့်ကြည့်ပြီး သူ့လွယ်အိတ်ကိုပဲ ပြန်ကြည့်ကာ ဇစ်ကို ရှေ့တိုးနောက်ဆုတ် လုပ်နေပြန်သည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...