ပျိုး
အပိုင်း (၅၁)
#ပျိုး
11170636
“ဟား..ဟား…ကောင်းတယ်…နင် က ဒီတိုင်းမှ ပြောလို့မရတာ..မေကြီးပဲ နင့်ကို နိုင်တာ…”
“နင် ကော ဘာထူးလို့လဲ…”
စွမ်းရည် ကား မောင်းနေရင်းနဲ့အနောက်ခန်းမှာ စကားများနေတဲ့ ညီအစ်မ နှစ်ယောက်ကို အတော်လေး အမြင်ကပ်မိသည်။
ရှေ့ခန်းမှာ ထိုင်နေတဲ့ လူနှစ်ယောက်က နားမပါ ပါးစပ်မပါသလိုပဲ ငြိမ်နေရသည့် အခြေအနေ..။
ကိုယ်က ပျင်းလို့ တစ်ခွန်းနှစ်ခွန်းလောက် ၀င်ပြောလိုက်ရင်လည်း မြတ်ပန်းစုတ် က စကားကို ဖြတ်ပစ်သည်။
ကိုယ့်မိန်းမကလည်း ညီမ အနားမှာ ထိုင်လိုက်ကတည်းက ကိုယ့်ကို အဖက်ကို မလုပ်တော့တာ..။
“တီ…တီ…တီ….”
“ဟော…ဖုန်းက ဘယ်က မြည်နေတာလဲ…မသိဘူး..”
မြတ်ပန်းမ က သူပစ်ချထားတဲ့ အိတ်ကို လိုက်ရှာနေတော့ေ၇ှ့ခန်းက အကိုလည်း မနေနိုင်တော့ပဲ နောက်ခန်းကို လှည့်ပြီး ရှာပေးရသည်။
“ခုံအောက်မှာ ရောက်နေတာ မြတ်…နေ…နေ…အကို ကောက်လိုက်မယ်…”
အကို က သူ့ခြေထောက် အနားထိ ငုံ့ပြီး ကောက်ပေးနေရတာ အချိုးမပြေလိုက်တဲ့ မြတ်ပန်းမ..။
ပိုက်ဆံအိတ်ရတော့လည်း ဇစ်ဖွင့်ပြီး ဖုန်းရှာပေးရသေးသည်။
“ဟာ..ကိုကြီးပါလား..အတော်ပဲ…နင်လည်း ပါအောင် ရိုက်ရမယ်…”
“နေပါဦး..အရင်ပြောလိုက်ပါဦး..မြတ်သောရဲ့…”
ဖုန်းကို ထောင်ပြီး မြတ်နိုးဘေးကို တိုးကပ်နေလို့ မြတ်နိုး က ပြောရတော့သည်။
“ဟိုင်း….ကိုကြီး…”
“အင်း…မေကြီး သက်သာရဲ့လား…”
“အမ်…မေကြီး ဘာဖြစ်လို့လဲ…”
“ဟော…ဖျားလို့ဆို…”
“ဟမ်...ဖျားတာ…အဲဒါ ဟိုရက်ကပါ ကောင်းသွားပြီလေ…ကိုကြီးရဲ့..”
“အာ…ညီမလေး က ပြန်မပြောဘူးကွာ…ကိုကြီးက မေကြီးဆီ ဖုန်းဆက်တာလည်း မရတော့ စိတ်ပူနေတာကွာ…ညီမလေး ကလည်း လိုင်းမတက်ဘူးလေ….ညီမလေး ခု…ယောက်ျားအိမ်မှာလား …”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...