Part 55

217 20 2
                                    

ပျိုး

အပိုင်း (၅၅)

#ပျိုး

“ပါပါး….နီ က  အဲဒါ အစားချင်ဘူးနော်…”

“သေးသေးလေး လှီးထည့်မှာပါ သားရဲ့….”

“ပါပါး…ရပြီ…”

“သိုင်ခ်ယူ…”

သမီး က အခွံခွာထားတဲ့ ကြက်ဥပန်းကန်ကို ယူကာ မီးဖိုခန်း အ၀ကို ရောက်သွားတော့ မေလေး နှာခေါင်းရှုံ့လိုက်မိသည်။

ကျောင်းပိတ်ရက်ဆို မီးဖိုခန်းလေးကို သူတို့ချည်းပဲ အပိုင်သိမ်းထားတော့တာပါပဲ..။

ယောက်ျားနဲ့ ဟင်းတူတူချက်ပြီး ပညာသင်ခွင့်တောင် မရပါဘူး။

“ပါပါး…ဒါတွေ အများကြီး ထည့်ရင် ချဉ်မှာပေါ့…ပါပါးရဲ့…”

“မာမား က ပါး လက်ရာ အချဉ်ဟင်း စားချင်လို့တဲ…ကြက်ဥဟင်းကို ချဉ်ချဉ်လေး ချက်ပေးမလို့ သမီးရဲ့…”

မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေရင်းက မေလေး ကို တစ်ချက်ကြည့်ပြီး ပြုံးစေ့စေ့ ဖြင့် ပြောနေတော့ အမြင်ကပ်လို့ မျက်စောင်းထိုးလိုက်မိသည်။

သူ့လက်ရာ အချဉ်ဟင်းလေး လွမ်းလို့ ချက်ကျွေးခိုင်းမိရင် လူကို သံသယနဲ့ မေးပြီလေ..။

အချဉ်ဟင်း စားချင်တိုင်း ကိုယ်ဝန်ရှိတယ်ပဲ ထင်နေတာ ဘယ်လို အရူးမျိုးလဲ မသိပါဘူး..။

အသက်အရွယ် အရ ရနိုင်သေးတယ်ဆိုပေမဲ့လည်း မေလေး မလိုချင်တော့ပါဘူး..။

ကိုယ်နဲ့အတူ အပင်ပန်းခံ စိတ်ဒုက္ခခံပြီး ရှင်သန်လာရတဲ့ သားနဲ့သမီးကိုပဲ မေတ္တာ အကုန်ပေးချင်တဲ့စိတ်ပဲ ရှိတာပါ..။

ကိုယ်က နှစ်ယောက်တည်းကို အချစ်ပုံထားတယ် ဆိုပေမဲ့ သူတို့က အဖေကိုပဲ ချစ်ကြတာပါ..။

“ချဉ်ရင် ဖြူဖြူ မစားနိုင်ဘူးနော်…ပါပါး…”

“စားလို့ကောင်းအောင် ချက်ပေးပါမယ်..ပါး တာဝန်ထားလိုက်…”

ဒီသားအဖတွေ ချက်နေတာ မိုးချုပ်ရင်တောင် ပြီးမှာ မဟုတ်ပါဘူး..။

မေလေး အ၀တ်တွေ လျှော်ပြီး မလှန်းရသေးတာ သတိရတော့ ထမင်းစားပွဲမှာ ထိုင်ကြည့်နေရာက ထလိုက်ရတော့သည်။

ပျိုးWhere stories live. Discover now