ပျိုး
အပိုင်း (၁၃)
#ပျိုး
06121236
“ဒါဆို…အလုပ်လုပ်ရင်း ကျောင်းတက်နေတာပေါ့...”
“အင်း…”
“သြော်…ငါက သူ့ကောင်လေး မှတ်လို့…ရင်းနှီးတဲ့ပုံပဲ…”
“မေလေး က ချောပေမဲ့ အချစ်နဲ့ပတ်သက်ရင် ဒဏ်ရာပြင်းပြင်းရထားတာ…သူ အချစ်ရှာဖို့တော့ မမိုက်ပါဘူး..”
“ဟင်…ဒဏ်ရာ ရထားတာ…”
“နင်ကလည်း စပ်စုလိုက်တာဟာ…ငါတို့မိဘအရှုပ်ပြဿနာတွေကို ပြောတာ…”
“သြော်…အဲဒါကြောင့် တမျိုးတွေ ဖြစ်နေကြတာ…”
“ဘာ….”
“မိဘတွေက ချမ်းသာရဲ့သားနဲ့…နင်တို့ နှစ်ယောက်စလုံး အလုပ်လုပ်ရင်း ကျောင်းတက်ကြတာကို ပြောတာ…”
မြက်ပန်း က စာ ကြည့်နေပေမဲ့လည်း စွမ်းရည်ကတော့ စာအုပ်ကို ကြည့်ရင်း တွေးနေမိသည်။
ဒီကို စာလာကျက်တယ်ဆိုတာ သူ့မျက်နှာလေးကို မြင်ချင်ရုံသပ်သပ်ပါပဲ..။
ဟိုးတချိန် က အတိုင်း အားငယ်ဝမ်းနည်းတက်သည့် မျက်ဝန်းတွေကို မကြာခဏတွေ့ရရင်တော့ ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ရတာပေါ့လေ..။
ကိုယ်တိုင်က ဘာကောင်မှ မဟုတ်ပေမဲ့ သူ့ကိုတော့ အဆင်ပြေပျော်ရွှင်အောင် ထားချင်တဲ့ စိတ်က အမြဲရှိပါသည်။
သူ့မျက်ရည်လေးတွေကို ကိုယ်တိုင် သုတ်ပေးခွင့်ရဖို့ထက် မျက်ရည်မကျအောင်သာ လုပ်ပေးချင်တော့သည်။
မြက်ပန်းမ က ကိုယ့်ကို ပြောဆို ငေါက်လိုက်ရင် ခိုးရယ်တက်တဲ့ သူ့မျက်နှာလေးကို မြင်ရတဲ့အခါ ကျေနပ်ရပါသည်။
ကိုယ် တက်နိုင်တာလည်း ဒီအဆင့်ပဲကိုး..။
ကိုယ်ဘက်က ကူညီပါရစေချည်း တောင်းဆိုနေပေမဲ့ သူ့ဘက်က ခပ်ကင်းကင်း နေပြတော့ ဘာတက်နိုင်မှာလဲ…။
ချမ်းသာတော့လည်း မာနကြီးတာ မဆန်းပါဘူး..။
စွမ်းရည် စတွေ့ကတည်းက နှစ်ယောက်က ရုပ်လည်း မဆင်သလို စိတ်ဓာတ်ပုံစံလည်း ကွဲပြားနေသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...