Part 23

155 20 1
                                    

ပျိုး

အပိုင်း (၂၃)

#ပျိုး

08150522

“နင့် သဘော..နင့်စိတ်ကြိုက် လုပ်ချင်သလို လုပ်နေတာပဲမလား…ဘာမှ ပတ်သက်စရာ အကြောင်းမရှိဘူး..ငါ့ကို ကွာရှင်းပေးခဲ့…”

“ကွာရှင်းဖို့ ဟုတ်လား…သိပ်ကွာချင်တာပေါ့…ငါ ကွာပြီးရင် နင့်လို အမေဆီမှာ ငါ့ကလေး နှစ်ယောက်စလုံးကို မထားနိုင်ဘူး…ငါ့ကလေးတွေကို ငါ ရအောင်ယူမှာ…”

“ရူးနေလား..ငါက သူတို့ နှစ်ယောက်စလုံးကို ၀မ်းနဲ့ လွယ် မွေးထားရတဲ့ အမေ…နင်…နင်က ငါ့ကလေးတွေကို လိုချင်ရအောင် အဖေ တာဝန်ကျေလား…အဖေလို အနားမှာ ရှိနေနိုင်လို့လား…နင့်လို သရဲဘောကြောင်တဲ့ တစ်ကိုယ်ကောင်းသမား ကို အဖေ တော်ထားမိတဲ့ ငါ့ကလေးတွေကို သနားတယ်…”

“ဟွန့်…ငါက အဖေ တာဝန် မကျေဘူး..ဟုတ်လား..တရားရုံးမှာ သက်သေလိုရင် သားကို ဖျက်ချဖို့ပြောတဲ့ အသံဖိုင် ပြလိုက်ရုံနဲ့ ကလေး တွေကို ငါ့မှာ ပိုင်ခွင့်ရှိတယ်…နင့်လို မိန်းမနဲ့ ထားရင် ငါ့ကလေးတွေ အတွက် အသက်အန္တရယ်တောင် ရှိသေးတယ်…ကွာရှင်းမဲ့နေ့ကို ချက်ချင်းပြော..ငါ ကွာပြီး အမေတို့ဆီမှာ ကလေးတွေကို အပ်ခဲ့လိုက်မယ်…”

“……..”

“ငါ့အနားမှာ မရှိနိုင်တဲ့ အချိန် ငါ့ကလေးတွေကို တစ်ခုခု ထိခိုက်အောင် လုပ်ရင် နင့်ကို ငါ လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာ သေအောင် မှတ်ထားနော်…ငါ့က ငါ့ဘ၀အတွက် သားသမီးတွေအတွက် နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်မဲ့ ကောင်က အဖေ တာဝန် မကျေဘူးဆို..နင် ဘယ်လောက် အမေ ပီသနေလဲဆိုတာ သေချာ ပြန်တွေးကြည့်လိုက်စမ်း…ကလေး နှစ်ယောက်စလုံးကို နင် ဘာလို့ မွေးခဲ့တာလဲ…ဟမ်…သားနဲ့သမီး မျက်နှာကို ကြည့်ရင် နင် လိပ်ပြာလုံလား…ဘယ်လို စိတ်နဲ့ မွေးခဲ့လဲ ဆိုတာ နင် အသိဆုံးမလား…ခု ထပ်ပြီး အဖေမဲ့ ကလေးတွေ ဖြစ်အောင် လုပ်ချင်နေတာ နင်က အမေပီသတဲ့ မိန်းမမျိုးလား..နင့်ဆုံးဖြတ်ချက် အတွက် သားနဲ့သမီးအပေါ် နင်လိပ်ပြာလုံရင် ငါ့ကို ပြော …ချက်ချင်းကွာပေးမယ်…တီ…”

ပျိုးWhere stories live. Discover now