Part 24

155 20 2
                                    

ပျိုး

အပိုင်း (၂၄)

#ပျိုး

08160132

“သမီး…နင့်ဟာက တကယ်ကော အဆင်ပြေရဲ့လားဟယ်…”

“ပြေပါတယ်..မေမေရဲ့…စွမ်းရဲ့ အမေကော အစ်မတစ်ဝမ်းကွဲတွေကော လာနေပေးကြတယ်…ခုလည်း ချက်ပြုတ်ပြီးမှ ပြန်သွားတာ…ညကျ ပြန်လာတယ်…”

မေမေ က သမီး နှစ်ယောက်ကို ခေါ်ပြီး အိမ်လည် ရောက်လာတော့ မေလေး မှာ မပြောချင်တဲ့ အကြောင်းတွေကို ဟန်လုပ်ပြောရတော့သည်။

ဘာဖြစ်လို့များ သူ့ကို ကာကွယ်ပြောပေးနေမိလဲလို့ ကိုယ့်ကိုယ်ကို သတိထားမိတော့ စိတ်ထဲက ဒေါသထွက်လာပြန်သည်။

မကာကွယ်လို့လည်း မရဘူးလေ..။

မေမေ သာ ဒီအကြောင်းအစုံအလင် ကို သိကြည့်ပါလား..။

တကယ်ကွာရှင်းခိုင်းပြီး ကလေး နှစ်ယောက်ကိုပါ သူတို့ဆီ ထားခဲ့ခိုင်းမှာ သေချာသည်။

မေလေး ကတော့ ကလေး နှစ်ယောက်ကို မခွဲနိုင်ပါဘူး.။

ကိုယ့်ဘက်က အားနည်းချက် ရှိနေတော့ ငြိမ်နေရတာ..။

တကယ် ကွာရှင်းရှင်း မရှင်းရှင်း မေလေး နှလုံးသားထဲမှာ သူ့ကို မုန်းတဲ့စိတ်တွေပဲ ရှိတော့တာပါ..။

“သမီး…တူမလေး က ချစ်စရာလေးနော်….ချစ်လား…သမီးငယ်…”

မေမေ နဲ့ တူတဲ့ မျက်လုံးတွေနဲ့ ဦးလေးနဲ့ တူတဲ့ နှုတ်ခမ်းထူလေးတွေ နဲ့ ချစ်ဖို့ကောင်းတယ် ဆိုရမဲ့ ညီမ အငယ်လေးက ခေါင်းကို ညိတ်ပြသည်။

ကလေးဆိုပေမဲ့လည်း ဆွဲကြိုး နားကပ်လေးတွေ ဆင်ပေးထားကာ ဂါဝန်အကောင်းစားလေး ၀တ်ထားတော့ တင့်တယ်ပြီး ချစ်ဖို့ကောင်းတာပါ..။

မေလေး ငေးကြည့်နေတာကို မေမေ က တွေ့တော့ ပြုံးပြီး ညီမလေးရဲ့ ခေါင်းကို ပုတ်ပြသည်။

“သမီးငယ်က မေမေ့ကို အရမ်းကပ်တာ…အကြီးကော အငယ်ကော မေမေ နဲ့ သူ့အဖေ မရှိရင် မရဘူး..မှောင်လည်း ကြောက် လူလည်းကြောက် အကုန်ကို ကြောက်နေတော့တာပဲ…”

မေလေး ငယ်ငယ်တုန်းက အတိုင်းပဲလို့ တွေးမိရင်း သားနဲ့သမီးကို စိတ်မရှည်တိုင်း ရိုက်နေမိတာကို စိတ်မကောင်းဖြစ်ရသည်..။

ပျိုးWhere stories live. Discover now