Part 53

210 26 2
                                    

ပျိုး

အပိုင်း(၅၃)

#ပျိုး

11180738

“စွမ်း…”

“ဟင်…”

‌မေလေးကို တွေ့တော့မှပဲ ပြုံးပြကာ ရှေ့မှာ ခြေထောက်တင်ထားတဲ့ ခုံကို နေရာရွေ့ပေးသည်။

ဝရန်တာ ကျဉ်းနေလို့ မျက်နှာချင်းဆိုင် တစ်ခုံစီထိုင်ရတာမို့ သူ့မျက်နှာကို သေချာလေး အကဲခတ်ခွင့်ရသည်။

ခရီးက ပြန်လာကတည်းက သတိထားမိနေတာ ကြာပြီ ဆိုပေမဲ့လည်း ဒီနေ့တော့ မေးဖို့ ဆုံးဖြတ်ပြီး ကလေးတွေ သေချာ အိပ်ပျော်တဲ့အထိ စောင့်နေခဲ့ရတာ..။

“ကလေးတွေ အိပ်ပျော်နေပြီမလား…မြတ်နိုး အိပ်နေပြီ ထင်လို့…”

“ဘာဖြစ်လို့လဲဟင်…”

“မဖြစ်ပါဘူး..မြတ်နိုးရဲ့..ဘာဖြစ်ရမှာလဲ…”

မေလေး ဘာမှ မပြောပေမဲ့လည်း သူ့မျက်နှာကိုသာ ငေးကြည့်နေမိရင်း စိတ်မကောင်း ဖြစ်လာသည်။

“နေလည်း ကောင်းပါတယ်..မြတ်နိုးရဲ့…ဘာတွေ စိတ်ပူနေတာလဲ…”

မေလေး အကြည့်လွဲလိုက်ကာ သက်ပြင်းလည်း တစ်ချက်ရှိုက်မိသည်။

တစ်ဖက်လမ်းက တိုက်ခန်းတွေကို ငေးကြည့်နေမိပေမဲ့လည်း ရင်ထဲက ခံစားချက်တွေကြောင့် မျက်ရည်က ဝဲလာသည်။

“မြတ်နိုး…”

မေလေး လက်ကို ဆုပ်ကိုင်လိုက်တော့ ရုန်းပေမဲ့လည်း မလွှတ်ပေးလို့ သူ့မျက်လုံးကို စူးစိုက်ကြည့်ရင်း မျက်ရည်က လှိမ့်ဆင်းလာတော့သည်။

“ဘာလို့ငိုရတာလဲ…ဘာလို့ငိုတာလဲ မြတ်နိုးရယ်..ဟင်..”

မေလေး လက်ကို ရုန်းပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်မိသည်။

“ငါ့ဘ၀မှာ နင်ပဲ ရှိတာ..နင်ပဲ အရင်းနှီးဆုံးလူ ရှိတာ…ဆွေမျိုးသားချင်း သွေးသား မတော်စပ်ပေမဲ့ ငါ့အတွက် နင်က အရင်းနှီးဆုံး သူစိမ်း တစ်ယောက်ပါ…နင်နဲ့စသိကတည်းက စချစ်ကတည်းက နင့်မျက်နှာကိုပဲ ကြည့်လာတဲ့ ငါက နင် ဘာမှ မဖြစ်ဘူးလို့ လိမ်ရုံနဲ့ မသိပဲနေမယ်လို့ နင်ထင်နေတာလား..ငါ သိတယ်…ဦးနှောက်က မသိတောင် နှလုံးသားက သိနေတယ်…နင် က ငါ့ကို ဘာမှ ပေးမသိခဲ့ပေမဲ့လည်း ငါ အလိုလို ကြိုသိနေတယ်..သမီး မွေးတုန်းကလည်း  နင်ထွက်သွားမှာ ကို  ကြောက်ခဲ့တယ်…သားကို မွေးတော့လည်း သားမွေးပြီးရင် တကယ်ထွက်သွားတော့မယ်ဆိုတာ ငါသိနေတယ်…ဘာအဆက်အသွယ်မှ မရှိပဲ ငါးနှစ်လုံး နေခဲ့တာတောင် နင် နေမကောင်း ဖြစ်တဲ့အခါဟနင် အဆင်မပြေတဲ့အခါ နင် တစ်ခုခု ဖြစ်တဲ့အခါ ငါ့နှလုံးသားက အလိုလို ခံစားမိနေတာ…ဘာအဆက်အသွယ်မှ မရှိတာတောင် နင်ပြန်လာတော့မယ်ဆိုတာ အလိုလို သိပြီး ငါ ပျော်ခဲ့တာတွေက လုပ်ဇာတ်မဟုတ်ဘူး..ကိုယ်တိုင် တွေ့ကြုံခဲ့ရတာ…နင်မပြောပြလို့ ငါ့ကို လူရာမသွင်းလို့ မသိပေမဲ့ နင် စိတ်ညစ်နေတာ သိနေတယ်…ငါ သိရင်ကော ဘာလုပ်နိုင်မှာလဲ စိတ်ပဲပိုညစ်ရမယ်ဆိုတဲ့ အတွေးက ငါ့ရဲ့ ဖြစ်တည်မှုကို အထင်သေးနေသလိုပဲ…အဲဒါနင်သိရဲ့လားဟင်..”

ပျိုးWhere stories live. Discover now