Part 22

156 16 1
                                    

ပျိုး

အပိုင်း (၂၂)

#ပျိုး

081502000312

“မေလေး…”

“ဟင်…”

“ကလေး အိပ်ပျော်နေပြီလေ…”

“ဟင်…အင်း…”

သား က ညပိုင်းဆို သိပ် မအိပ်တော့ မြတ်နိုးကလည်း ထိုင်ပြီး နို့တိုက်ရသည်။

အိပ်ပြီး တိုက်ရင်လည်း သားက စူးစူးဝါးဝါး ငိုလို့ အမေဖြစ်သူပါ ငုတ်တုတ်ထိုင်အိပ်နေရသည့် အခြေအနေ…။

စွမ်းရည် အနားက သားအိပ်တဲ့ ဂွမ်းစောင်လေးကို နေရာချပေးပြီး ခေါင်းအုံးလေးပါ ချပေးလိုက်သည်။

“ရပြီ..ဖြည်းဖြည်းပဲချ…နိုးသွားဦးမယ်…”

မြတ်နိုးကလည်း ကိုယ်ကို စောင်းပြီး ဖြည်းဖြည်းချင်း သတိထားကာ လှဲအိပ်ရသည်။

ကလေး တစ်ဖက်နဲ့ ငုတ်တုတ်ထိုင်ပြီးတောင် အိပ်တက်နေပြီမို့ ခေါင်းအုံးနဲ့ ခေါင်းထိရုံနဲ့ မြတ်နိုးက အိပ်ပျော်သွားပေမဲ့ စွမ်းရည်ကတော့ အိပ်မပျော်နိုင်ဖြစ်နေရသည်။

ဘေးမှာ အိပ်ပျော်နေတဲ့ လူမမယ် သမီးလေးကလည်း ပူလို့ အကျီ င်္က ရင်ဘတ်အထိ လှန်ထားသည်။

ပန်ကာဝယ်ဖို့ သွားမေးကြည့်တော့ အမျိုးအစား အမျိုးမျိုး ဈေးက အမျိုးမျိုး..။

ဈေးသင့်တဲ့ ပန်ကာတစ်လုံး ၀ယ်လာတာ တစ်လ မပြည့်ခင် ပျက်သွားလို့ ဆိုင်ကို ပြန်ပြပေမဲ့လည်း ဆိုင်က ဒီပန်ကာမျိုးတွေက တရုတ်ဘက်က ၀င်တာမို့ အာမခံမထားဘူးတဲ့..။

ကိုယ်က ကိစ္စ မရှိပေမဲ့ ကိုယ့်သားသမီး ကိုတော့ ခြင်ယင် က စလို့ အပူအအေး အစစ ဂရုစိုက်ကာကွယ်ပေးချင်တာပါ..။

မြတ်နိုးကလည်း အခုဆို အပျိုတုန်းကနဲ့ လုံးဝ ခြားနားနေပြီ..။

သမီးကို ကိုယ်ဝန်နဲ့တုန်းက သားသားနားနား နေရသေးပေမဲ့ သား ကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ အန်တီ့ကို အားနာလို့ ထင်ပါတယ်..။

အန်တီ ဘာဝယ်ပေးပေး အကုန်ငြင်းသည်။

ဗိုက်ဖုံး ဂါဝန် အဟောင်း ကလေး အနှီး အဟောင်း ကလေးစောင်  အဟောင်း..။

ပျိုးWhere stories live. Discover now