Part 8

178 23 0
                                    

ပျိုး

အပိုင်း(၈)

#ပျိုး

06071034

“သွား…သွား…..ဟင့်….”

မေလေး အော်ပေမဲ့လည်း ခွေးအညိုရောင်ကြီး က ရှေ့တိုးဟောင်လိုက် ဟပ်မလို လုပ်လိုက်မို့ ချွေးပြန်ပြီး ခြေထောက်တွေက လှုပ်လို့မရဖြစ်နေပြီ..။

“အီး…”

“ဝုတ်…ဝုတ်…”

“သွားလို့…”

မေလေး ကုန်းအော်လိုက်ပေမဲ့ လူပြတ်တဲ့ လမ်းမှာမို့ ခွေးတစ်ကောင် နဲ့ မေလေးပဲ ရှိနေသည်။

“ဂိန်…ဂိန်…”

ခွေးက ရုတ်တရက်ကြီး အော်ကာ ရှေ့တိုးလိုက်တော့ ထိုင်လျက်သား ပြုတ်ကျသွားပေမဲ့လည်း မေလေးကို ကျော်ကာ ဆက်ပြေးထွက်သွားသည်။

“ကျွီ…”

စက်ဘီး တစ်စီး မေလေးရှေ့မှာ ရပ်လိုက်တာကို မျက်ရည်များကြားက ဝိုးတဝါးသာမြင်လိုက်ရသည်။

“ကိုက်သွားသေးလား…”

“အင့်….ဟင့်အင်း…”

မေလေး ရှက်လည်းရှက်သလို ကြောက်လည်းကြောက်နေတုန်းမို့ တုန်တုန်ယင်ယင်ဖြင့် ခေါင်းရမ်းကာ

မျက်ရည်တွေကို သုတ်လိုက်ပြီး ကပျာကယာ ထရပ်လိုက်ရသည်။

“အဲ့ခွေးက တော်တော်ဆိုးတယ်…ခဏခဏ ကိုက်တာကို လမ်းပေါ်ပဲ လွှတ်ထားတယ်…”

ဆံပင်တိုတို မျက်နှာဝိုင်းဝိုင်းနဲ့ ကောင်လေးက ထွက်ပြေးသွားတဲ့ ခွေးကို ခဲတစ်လုံးဖြင့် ထပ်ပေါက်လိုက်ရင်း ပြောနေသည်။

“မြတ်သောပန်းရဲ့…အစ်မမလား …ဒီနေ့ အိမ်က လာမကြိုဘူးလား…”

မြတ်သောပန်းကို သိနေတာ ဆိုတော့ မေလေး မလုံမလဲစိတ်ဖြင့် ခေါင်းကိုသာ ဖြည်းဖြည်း ညိတ်ပြလိုက်မိသည်။

“အိမ်ပြန်မလို့ပဲ…တူတူပြန်ကြမယ်လေ…”

စက်ဘီးကို တွန်းရင်း ပြောတော့ မေလေး ခေါင်းညိတ်၍တောင် အဖြေမပေးမိပါ..။

ဒီကောင်က မေလေး လမ်းမမှာ ငိုနေတာကို မြတ်သောပန်းကို ပြန်ပြောပြီး ရယ်နေတော့မှာ သေချာပါသည်။

ပျိုးWhere stories live. Discover now