29
ပျိုး
အပိုင်း (၄၀)
#ပျိုး
10020733
“ဟို…အန်တီ စိတ်မဆိုးပါနဲ့နော်…သား ရှာတဲ့ ပိုက်ဆံနဲ့ မိသားစုကို ကျွေးချင်လို့ပါ…”
“ဟုတ်တာပေါ့..ခုက သား တာဝန် ယူရမဲ့ အချိန်ရောက်သွားပြီလေ..”
မြတ်နိုးက လခ မယူတော့ဘူးလို့ မပြောရဲတာ သိလို့ စွမ်းရည်ပဲ ဦးဆောင်၍ အသိပေးလိုက်ရသည်။
သဘောထားကြီးပြီး နားလည်တက်တဲ့ အန်တီက လည်း အလွယ်တကူပဲ လက်ခံလို့ တော်သေးသည်။
“ဒါဆို…အဆင်ပြေသွားကြပြီပေါ့…”
“ဟုတ်ကဲ့…”
စွမ်းရည် မဝံ့မရဲ ပြောလိုက်တော့ အန်တီက ပြုံးပြီး ခေါင်းညိတ်ပြသည်။
မြတ်နိုးကတော့ စွမ်းရည်ကို မသိမသာ မျက်စောင်းတစ်ချက် ထိုးလိုက်သေးသည်။
“လူတွေက သူတို့ ကံကောင်းတာကို သတိမထားမိဘူး..ကံမကောင်းဘူးလို့ပဲ လောကကို စွပ်စွဲတက်ကြတယ်…အခု မေလေး လို သည်းခံခွင့်လွှတ်နိုင်တဲ့ မိန်းမရတာ သားငယ် ကံကောင်းသလို…သားငယ်လို မိသားစု တာဝန်သိတက်ပြီး ခွင့်လွှတ်ပေးနိုင်တဲ့ ယောက်ျားရတာလည်း မေလေးလည်း ကံကောင်းတာပဲမလား…ရှေ့ဆက်လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပွင့်ပွင့်လင်းလင်း သံသယ ကင်းကင်း နေနိုင်ရင် အကောင်းဆုံးပဲ..”
“ဟုတ်ကဲ့…”
စွမ်းရည် နဲ့မြတ်နိုး နှစ်ယောက်စလုံး ပြိုင်တူ ပြောလိုက်ပေမဲ့ မြတ်နိုးကတော့ အသံတိုးတိုးသာ ထွက်တော့သည်။
အန်တီ့ကို ဆို ကြောက်တက်လိုက်တာ…။
ယောက်ျားကိုတောင် အဲလောက် မရိုသေဘူး..။
“မေမေကြီး ..ဒီမှာ..”
“……”
သမီး က ကြွေပန်းကန်ထဲ ခေါက်ဆွဲတွေ ထည့်လာပေးတော့ စွမ်းရည်ကော မြတ်နိုးကော မျက်လုံးပြူးသွားရသည်။
“သမီးကလည်း…ဘယ်လိုတွေ ထည့်လာတာလဲ…”
“ရတယ်…ရတယ်…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...