ပျိုး
အပိုင်း (၃၃)
#ပျိုး
09050459
“သမီး…ပြန်လာပြီလား…”
“……..”
စွမ်းရည် အိမ်ပေါ်ကနေ ဆင်းကာ ခြံတံခါးဖွင့်ပြီး ပြုံးရင်း ကြိုလိုက်တော့ သမီးက ချက်ချင်း မျက်မှောင်ကြုတ်ကာ လမ်းမပေါ်က ခဲတစ်လုံးကောက်ကိုင်သည်။
ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်လဲ..။
ကိုယ် အရမ်းချစ်ရတဲ့ သမီး က ကိုယ့်ကို လူဆိုးတဲ့..။
အဖေကို တွေ့တာနဲ့ သတိ အနေအထားနဲ့ ဖြစ်သွားရသည်။
“သြား…အရူး…”
စွမ်းရည်ကို ဦးတည်ပြီး ပစ်ပေါက်လိုက်တဲ့ ခဲလုံးသေးသေးလေးက နှလုံးသားကို ထိမှန်သလို နာကျင်ရပါသည်။
သမီးရဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတိုင်း နောက်ကျသွားပြီလားဆိုတဲ့ အတွေးကသာ ကြီးစိုးနေသည်။
“ပန်းဖြူ…ထမင်းစားဖို့…”
သူ့အသံကြားတော့မှ သမီးက ဆိုင်ထဲကို ၀င်ပြေးတော့သည်။
စွမ်းရည် လက်သီးကို တင်းနေအောင် ဆုပ်လိုက်မိသည်။
စွမ်းရည်ရဲ့ အမုန်းတရားက ဒေါက ကို ပြောင်းလဲစေသည်။
“ သည်းခံရမယ်…သား…သားဘက်က စေတနာနဲ့စိတ်ပူပြီး အဆက်အသွယ် မလုပ်ခဲ့တာဆိုပေမဲ့ သူ့ဘက်က ကျတော့ လုံးဝ အဆက်အသွယ် မလုပ်ခဲ့တာ ခံစားရတာပေါ့…နိုင်ငံခြားထွက်ဖို့ ကိစ္စ ကို ဘာမှ ပွင့်ပွင့်လင်းလင်း မတိုင်ပင်ပဲ သား ထင်သလို ဆုံးဖြတ်တာ သားအလွန်လည်းပါတယ်…သူ ဘယ်လောက် ပင်ပန်းရလဲ အမေ က အသိဆုံးပဲ…မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးလည်း မရှိ ယောက်ျားကလည်း အဆက်ဖြတ်ထားတာ ဘယ်လို ခံစားရမလဲ…ကလေး နှစ်ယောက်နဲ့ လောက အလယ်မှာ ဘယ်လောက်မျက်နှာငယ်ပြီး စိတ်အားငယ်နေခဲ့လဲဆိုတာ အမေ ကိုယ်ချင်းစာလို့ ရပါတယ်..သူစိမ်းတွေ အလယ်မှာ ကလေးနှစ်ယောက်နဲ့ လေးငါးခြောက်နှစ်လောက် ပစ်ထားခဲ့တာ …နောက်ပြီး အပင်ပန်းဆုံး အချိန်မှာ သားက အနားမှာ ရှိမနေပေးခဲ့ဘူးလေ…မမိုး ကလည်း အမေ့ကို တောင်းပန်တယ်… ဖုန်းထဲက တခြားယောက်ျား တစ်ယောက်နဲ့ အဆက်အသွယ်လုပ်တာ သူ ဆုံးမတာ အားနည်းလို့ ဒီကလေးက ဒီလို ဖြစ်ရတာပါတဲ့… ကလေးတွေလည်း သနားဖို့ကောင်းပါတယ်…သား ဒေါသကြောင့် မှားကုန်တာမျိုး မဖြစ်စေချင်ဘူး….စကားတွေလည်း မလွန်စေချင်ဘူး..အတက်နိုင်ဆုံး တိတ်နေပါ…တစ်ယောက်နဲ့ တစ်ယောက် ဒေါသပြေပြီး ခွင့်လွှတ်နိုင်တဲ့ အချိန်ထိ စကားမပြောကြနဲ့ဦး…ဟုတ်ပြီလား…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...