ပျိုး
အပိုင်း (၄၃)
#ပျိုး
10040404
“စွမ်းရယ်…ပြုတ်ကျဦးမယ်…”
“မိန်းမကလည်း..ငါ လုပ်တက်ပါတယ်ကွ…ဒီလောက်က အေးဆေး..”
မေလေး မှာ သူ့အနားကနေ ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတာ အသည်းလည်း ယားဖို့ကောင်းသည်။
ညပိုင်း အိပ်ရင် ကလေးတွေ ပူလို့ဆိုပြီး မတိုင်ပင် မပြောမဆိုနဲ့ အဲကွန်း ၀ယ်ချလာသည်။
ပြီးတော့ သူ့ဟာသူ တပ်ဆင်နေတော့ မေလေးမှာ ဘေးက မလုပ်တက် မကူတက်နဲ့ စောင့်သာ ကြည့်နေရသည်လေ..။
“ဘာမှ လုပ်စရာမလိုဘူး…ဒီဒေါက်ပေါ် တင်လိုက်ရုံပဲ..”
“အိုး..ဒါကို နင် တစ်ယောက်တည်း နိုင်မှာလား…”
“နိုင်တာပေါ့…ဟိုက်ရား…လေးတယ်ဟ….”
သူ့ဟာသူ လူစွမ်းကောင်း လုပ်ပြီး မ ရင်း လေးတယ်ဆိုတော့ မေလေး ရယ်မိသွားသည်။
“ပေး..ငါ တစ်ဖက် မ မယ်လေ..”
“မလုပ်ပါနဲ့…ငါ့မိန်းမက အနုအယွလေး..”
မေလေး မျက်စောင်းထိုးပြီး မျက်နှာချင်းဆိုင်ဘက်ကနေ ၀င်မပေးတော့ ထင်ထားတာထက် ပိုလေးပါသည်။
ဒါကို ပဲ တစ်ယောက်တည်း သယ်မနေတာ မရီတို့ ခါးကျိုးချင်နေတာလေ..။
“ရပြီ…ဖွင့်စမ်း…ဖွင့်စမ်း..လေအေးလေးတွေ ခံစားကြည့်ရအောင်…”
မေလေး ကို အမိန့်ပေးပြီး ခုတင်လေးပေါ်မှာ သူက ဦးအောင် လှဲအိပ်လိုက်တော့ ရီမုကို ယူပြီး ဖွင့်ပေးလိုက်ရသည်။
“ဟား..ဒီကဆို အေးနေတာပဲ…လာအိပ်ကြည့် မိန်းမ..”
“အေးရင် ပြီးရောပေါ့…ငါ အ၀တ်လှန်း မလို့…”
“လာစမ်းပါဆို..မီဆာကီမ…”
မေလေး လက်ကိုဆွဲပြီး နှုတ်ခမ်းကိုက်ပြတော့ သူ့အလိုကျ ခုတင်ပေါ် လှဲအိပ်လိုက်ရသည်။
ပုံမှန်ထက်စာရင်တော့ တော်တော်လေး အေးသွားတာမို့ ကလေးအတွက် စိတ်ချမ်းသာသွားရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...