ပျိုး
အပိုင်း (၃၂)
#ပျိုး
09041218
“မမ…”
“ဟင်…”
မေလေး အလန့်တကြား လှည့်ကြည့်မိတော့ ပြည့်ပြည့်က မျက်နှာငယ်ဖြင့် ကြည့်နေသည်။
“ဘာ..ဘာဖြစ်လို့လဲ…”
“ဟို…ဟိုအကိုကြီးက…ဘီယာ သွားဝယ်ခိုင်းနေလို့..”
“ဟင်…”
မေလေး မှာ အံသြလွန်းလို့ ကိုယ့်နားကိုတောင် ကိုယ် မယုံနိုင် ဖြစ်သွားရသည်။
“သွားဝယ်ပေးရမလား…မမ…”
“မနက်က သူသောက်နေတဲ့ ဘူးတွေကော…”
“ကုန်ပြီ…”
“ဟမ်…”
မေလေး မှာ ဒုတိယ အကြိမ် မျက်လုံး ထပ်ပြူးရပြန်သည်။
အန်တီကျော့တို့ ပြန်သွားကတည်းက ဆယ်ဘူးလောက် ရှေ့ချပြီး ထိုင်သောက်နေတာ..။
အဲဒါတွေ ကုန်ပြီတဲ့လေ..။
“ဟိုကောင်မလေး…မြန်မြန် သွားဝယ်စမ်းပါဆို…ဘယ်ဝင်သွားတာလဲ….ဟမ်…”
အသံစူးစူး သြသြ ကို ကြားရတော့ မေလေး မှာ ရင်တုန်ပြီး ခေါင်းကလည်း ထိုးကိုက်သွားသည်။
“သွား..သွားဝယ်ပေးလိုက်…ပြည့်ပြည့်…ရွာထဲက ဆိုင်မှာပဲ သွားဝယ်လိုက်…”
“ဟုတ်ကဲ့..”
ပြည့်ပြည့်ကို ရွာထဲက ကုန်စုံဆိုင် ကို လွှတ်လိုက်ရတာတောင် မေလေးမှာ ကြောက်နေမိသည်။
ကိုယ် တစ်ယောက်တည်း ယောက်ျားတကာကို ဈေးရောင်းရဲပေမဲ့ အိမ်ပေါ် ရောက်နေတဲ့ ကိုယ့်ယောက်ျားကိုတော့ ရင်တုန်အောင် ကြောက်မိသည်…။
အိမ်ပေါ်ကို မမြင်ရပေမဲ့လည်း ဆိုင်ထဲကနေ တစ်ချက် လှမ်းကြည့်ပြီး သက်ပြင်း တစ်ချက် ချမိသည်။
သူ ပြန်လာရင် ကလေးတွေနဲ့ ဘယ်လို ကြိုဆိုမယ် ဘယ်လို စိတ်ကောက်မယ် ဘယ်လို အချော့ခံရမယ်လို့ စိတ်ကူးယဉ်ထားသမျှတွေက အကုန် သဲထဲ ရေသွန်သလိုပါပဲ..။
မနေ့က ညနေပိုင်း ပြန်ရောက်လာကတည်း ဒီနေ့ မနက်အထိ မေလေးကို စကားတစ်ခွန်းတောင် မပြောခဲ့ဘူး..။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...