ပျိုး
အပိုင်း (၃၁)
#ပျိုး
09031256
“ငါ…ဘာမှ ပြောစရာ မရှိဘူး…မြတ်သော…”
မေလေး အကြိမ်ကြိမ် ငြင်းပြီးခဲ့ပေမဲ့လည်း မြတ်သောက သူ့အကျင့်အတိုင်း ခေါင်းမာမာ နဲ့ တဇွတ်ထိုး တစ်ဖက်သတ် မေးခွန်းတွေကိုသာ ဆက်တိုက်မေးနေသည်။
ညီအစ်မ နှစ်ယောက် စကားပြောတာနဲ့ မတူပဲ တရားခံကို စစ်ဆေးသလို ဖြစ်နေတော့ မေလေး စိတ်တွေကလည်း မွန်းကြပ်ရပါသည်။
သားနဲ့သမီးက ကျောင်းသွားတော့ အိမ်မှာက ပြည့်ပြည့်ပဲ ရှိသည်။
မေလေး အလုပ်လုပ်ရင် မီးဖိုချောင်မှာလည်း လိုက်မေးသလို ဆိုင်မှာ ဈေးရောင်းရင်လည်း ဘေးက ရပ်စောင့်ပြီး အဖြေ တစ်ခုတည်းကိုသာ တောင်းနေသည်။
“ဘာကြောင့်လဲ….ဘာဖြစ်လို့ နင် အခုလို ဆုံးဖြတ်ရတာလဲ…”
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ ဒီမေးခွန်းကိုပဲ ထပ်မေးတော့ မေလေး မှာ စိတ်မရှည်တက်တဲ့ မြတ်သောကို နားမလည်နိုင်တော့ပါ..။
သူ့ပုံစံ အမှန်က သူများကိစ္စ စိတ်မ၀င်စားတက်ဘူးမလား..။
အခုမှ နိုင်ငံရပ်ခြားက ပြန်ရောက်လာပြီး အေးအေးမနေရပဲ မေလေးတို့ မိသားစုကိစ္စကို သူက စိတ်ပူပေးနေရတာ အားလည်းနာသလို စိတ်မကောင်းလည်း ဖြစ်မိသည်။
မိသားစု သာယာမှု ပျော်ရွှင်မှု ကို မခံစားခဲ့ရတဲ့ ကလေးဘ၀ကို ဖြတ်သန်းလာရတော့ သားနဲ့သမီး အတွက် သူ စိုးရိမ်နေတာ မေလေး နားလည်ပါသည်။
“နင်…လိမ်နေတာ….နင့်ခေါင်းထဲမှာ ငစွမ်း တစ်ကောင်တည်းကိုပဲ ယောက်ျားလို့ သတ်မှတ်ထားတာ…အရူးလို လျှောက် ဆုံးဖြတ်ရင် နင် နောင်တရလိမ့်မယ်…မေလေး…”
မေလေး ပြုံးရင်း လက်ထဲက ရေသန့်ဘူးကို ရေခဲဘုံးထဲ ထည့်လိုက်ချိန် ရေခဲတုံးနဲ့ လက်ဖျားတွေ ထိခပ်ပြီး အေးစက်သွားသည်။
“နင် သိလား..အရင်တုန်းက ဆိုရင်လေ ဒီရေခဲတွေ ရဖို့ ငါ မနက်စောစော သွားဝယ်ရတာ…ဒီနေရာမှာ ရေခဲက ရှားတယ်…မီးလည်း မရှိတော့ စက်တွေလည်း မရှိဘူး..ပိုက်ဆံပေး ၀ယ်ဖို့တောင် မိုးမလင်းခင်ကတည်းက ရွာထဲသွားစောင့်ရတယ်…ဒါပေမဲ့ မ၀ယ်လို့ မရဘူး…ရေခဲထည့်လိုက်လို့ အေးနေရင် ငါးဆယ် တစ်ရာ လောက် တင်ရောင်းလည်း ရောင်းရတာပဲ….အဲတော့ ငါတစ်ယောက်တည်းပဲ သွားဝယ်ရတယ်…အဲတုန်းက ငါ ငိုမိသေးတယ်…ဒါပေမဲ့ မြတ်သော သာဆို မငိုပဲ အဖြေတစ်ခုရှာနိုင်မှာလို့ တွေးမိတယ်…နောက်ရက်ကျတော့ ကလေး သုံးလေးယောက်ကို မုန့်ဖိုးပေးပြီး သွားဝယ်ခိုင်းတာ…ငါလည်း မပင်ပန်းဘူး…သူတို့လည်း ပျော်ရတယ်…နှစ်ဖက် စလုံး အကျိုးရှိသွားတယ်လေ…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...