ပျိုး
အပိုင်း(၆)
#ပျိုး
06040522
“အဲလို…ပေါ်သွားတော့…ကောင်းရောပေါ့…”
“ဖေဖေ့ကိုလည်း မုန်းတယ်…မေလေး ဘက်မှာ ရှိရမဲ့ ဟာကို အဲ့ဝက်မကြီး ဘက်မှာချည်းပဲ…”
"ဟား…ဟား…မီးလေး က နာမည်ပေးတာ တော်လိုက်တာနော်"
"တကယ်ပြောတာ မေမေ့ ခြေဖျားတောင် မမှီဘူး ဝလည်း ဝ ရုပ်ကလည်းဆိုး ဖေဖေ ထက် တောင် အိုနေသေးတယ်"
"ဟား…ဟား…"
"ဘာပဲဖြစ်ဖြစ်…အခွင့်အရေး ကို လက်လွှတ်လိုက်ရပြီ"
မေလေး မကျေမနပ်နဲ့ ပြန်တိုင်ပြောပေမဲ့ မေမေကတော့ မေလေးကိုသာ စိတ်ပျက်သလိုချည်းပဲ ပြောနေသည်။
ဖေဖေက မေလေးကို ပို့ပေးပြီး ပြန်သွားပေမဲ့ မေလေးမှာတော့ မေမေ့ရင်ခွင်ထဲ ပြေးဝင်ကာ ငိုမိသည်။
နောက်တစ်နေ့ ရောက်တဲ့အထိ မေလေးမှာ ပြောစရာ တိုင်စရာ မကုန်သေးပါဘူး..။
“မီးလေးကလည်း ဘာလို့ အမှန်အတိုင်း ပြောလိုက်တာလဲ…”
“မမပန်ကလည်း သူ က မေလေးကို တကယ် သံချွန်နဲ့ထိုးမှာ…”
မမပန် က ၀င်ပြောတော့ မေလေး နှုတ်ခမ်းစူရင်း ပြန်ပြောမိသည်။
“ဟွန့်…သူ့စကားကို နားထောင်ပြီးမှ သေချာ စဉ်းစားပြီး ပြောရမှာ…ငါ့သမီး ဖြစ်ပြီး ညံ့လိုက်တာ…သမီးရယ်…”
မေမေ က မေလေး ကျောကို ပုတ်ပြီး ပြောတော့ မေလေး နှာခေါင်းရှုံ့မိသည်။
သူတို့ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ မေမေ မသိလို့ပါ..။
“အဲ့ကောင်မလေး က ရွှေ တစ်ခုမှ ၀တ်မထားဘူးလား..”
“ဟင့်အင်း..”
“မီးလေး လာမယ်ဆိုတာ သိလို့ ချွတ်ခိုင်းထားတာ နေမှာပေါ့…မမရဲ့..”
“ဟုတ်မယ်…”
မမပန်နဲ့ မေမေ က စကားပြောနေတော့ မေလေး ဟိုကောင်မလေး အကြောင်းကို တွေးနေမိသည်။
“မေမေ…သူကလေ…မေလေး လိုမျိုး မနေရဘူးသိလား…သူ့မုန့်ဖိုးနဲ့သူပဲ လွယ်အိတ်ဝယ်ရတယ်တဲ့…စာအုပ်လည်း ၀ယ်ရတယ်…သူ့အမေ ဆီမှာ အလုပ်လုပ်မှ ပိုက်ဆံရတာ…နောက်ပြီး အ၀တ်လည်း လျှော်ရတယ်..မီးပူလည်း ထိုးရတယ်…အိပ်ရာလည်း သိမ်းရတယ်…မေလေးက ဘာမှ မလုပ်တက်တော့ သူက လှောင်သေးတယ်…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...