Part 16

175 20 0
                                    

ပျိုး

အပိုင်း (၁၆)

#ပျိုး

06130932

“ဒေါက်…ဒေါက်…ဒေါက်…ဒေါက်…”

စွမ်းရည် လက်က အကျင့်ပါနေတဲ့အတိုင်း ကီးဘုတ်ခေါက်သလို တဒေါက်ဒေါက် ခေါက်နေလိုက်သည်။

မြက်ပန်းမ က သူ့အစ်မကို ကြိုက်မိလို့ဆိုပြီး အမေဂျမ်းဝင်နေတာ တစ်ပတ်တောင် ကျော်နေပြီ…။

သင်တန်းမှာလည်း စကားမပြောပဲ ကောက်နေတော့ နှင်ထုတ်ထားတဲ့ အခန်းကိုပဲ ရှေ့မျက်နှာ နောက်ပို့ကာ လာ အခစား ၀င်ရတော့သည်။

“ဒေါက်…ဒေါက်…ဒေါက်…ဒေါက်…”

“သေမလို့..အဲလောက် ခေါက်နေတာလား..”

မြက်ပန်းမ ထုံးစံအတိုင်း လက်တရွယ်ရွယ်နဲ့ တံခါးဖွင့်ပေးတော့ စွမ်းရည် စပ်ဖြဲဖြဲ ရယ်ပြလိုက်ကာ အခန်းထဲကို အတင်း တိုးဝင်ရတော့သည်။

“မေမြတ်နိုးသူ…နင့်ဧည့်သည်လာတယ်…”

“အမယ်…အမယ်…ဘယ်လိုဖြစ်ပြီး ငါက မေမြတ်နိုးသူ ဧည့်သည် ဖြစ်သွားရတာတုန်း ဟကောင်ရ…”

စွမ်းရည် ပြောင်စပ်စပ် ဖြင့် ရန်စလိုက်တော့ မီးဝင်းတောက်နေတဲ့ မျက်လုံးတွေက ဒိုင်းခနဲ့ ရောက်လာတော့သည်။

“ဟဲ…ဟဲ…ခယ်မလေး က စိတ်ကြီးတယ်နော်..ဟဲ..ဟဲ..”

“မေလေး တစ်ခုခု ဖြစ်လို့ကတော့ နင့်ကို ငါ သတ်မှာနော်..”

“ဘယ်တစ်ခုလဲ…”

စွမ်းရည် မေးလိုက်တာနဲ့ သူ့အနားက တစ်ရှုးဘူးက ဝဲပျံတက်လာတော့ အလျင်အမြန်ဖြင့် ငုံ့ရှောင်လိုက်ရသည်။

ချစ်သူကလည်း နှမတော်ကို ကြောက်လို့လား မသိဘူး ဒီလောက်ဆူညံနေတာတောင် ထွက်မလာသေးဘူး..။

သူလည်း စိတ်မကောင်းဖြစ်နေတာ..။

“ဒီမှာ ခယ်မလေး ကြိုက်တက်တဲ့..မုန့်တွေ ၀ယ်ခဲ့ပေးတယ်နော်…ဟဲ..ဟဲ..စိတ်တော် ပြေပါတော့…”

“နင် က သူ့ကို ကြိုက်ရအောင် ဘယ်လောက် တင့်တောင်းနိုင်ပြီလဲ…နင့်ရှာစာ ဘယ်နှစ်ပြားရှိလို့လဲ…”

ပျိုးWhere stories live. Discover now