Part 3

274 20 2
                                    

ပျိုး

အပိုင်း (၃)

#ပျိုး

06020416

“မမပန်..မေမေ ဘာဖြစ်လို့လဲဟင်…”

“……..”

မမပန် က မေလေးကို နှုတ်ခမ်းမဲ့ပြီး ကြည့်နေသည်။

မေလေး ခုနှစ်တန်း နွေကျောင်းပိတ်ထားပေမဲ့ ရှစ်တန်း ကျူရှင်တက်နေရသည်။

အိမ်မှာ ပျော်ဖို့မကောင်းတာ ကြာပြီဆိုပေမဲ့လည်း ဒီနေ့ မေလေး ကျူရှင်က ပြန်လာတော့ မေမေ့ အခန်းထဲမှာ ပစ္စည်းတွေ ပွကြဲနေပြီး မေမေ ကလည်း ငိုနေသည်။

မေမေ့ကို မမေးရဲလို့ မီးဖိုခန်းမှာ အလုပ်များနေတဲ့ မမပန်ကို သွားမေးတော့လည်း မေလေးကို မပြောပြပါဘူး…။

မေလေး အခန်းထဲပဲ ၀င်ပြီး ကျူရှင်မှာ ကျက်ပြီးသား စာတွေကိုလည်း ထပ်ကျက်နေမိသည်။

မေလေး လုပ်နိုင်တာ ဒါပဲ ရှိသည်။

မေမေ က မေလေးကို အစစ အရာရာ ဂရုစိုက်နေတာ မေလေး စာတော် ဖို့ အတွက်တဲ့..။

တခြား ကျောင်းသားတွေလို မိဘ ကူစရာလည်း မလိုဘူး..။

အိမ်က ပြဿနာ တွေလည်း မေလေး သိခွင့်မရှိဘူး..။

မေလေး တက်နိုင်တာ အဆင့်ကောင်းကောင်းရပြီး စာတော်ဖို့ တစ်ခုတည်းသာ ရှိသည်။

“အလကားပဲ…အကုန် အလကားပဲ…ဒီလောက် နှစ်တွေ အများကြီး ပေးဆပ်လာပြီးမှ ဖွတ်ကျားမှန်း သိလိုက်ရတာ…ငါ့ဘဝတော့ သွားပြီ…သွားပြီ…သီတာရဲ့…ပြီးသွားပြီ…”

မေမေ့ အော်သံ ကြားလို့ မေလေး အခန်းထဲက ပြေးထွက်လာပေမဲ့ မေမေ့ သူငယ်ချင်း နဲ့ ဖုန်းပြောနေမှန်း သိလို့ ခြေလှမ်းတွေ ရပ်လိုက်ရသည်။

“မက်စရာ ဘာကျန်သေးလဲ…ငါ လုံးဝ သည်းမခံနိုင်တော့ဘူး…”

“…….”

“……..”

“ဟုတ်တယ်….အဲဒါတွေ ကြောင့် အချိန်ကြာကြီး  မြိုသိပ် သည်းခံလာခဲ့ရတာ…ငါ အရမ်း ပင်ပန်းတာပဲ..သီတာရယ်…ငါလေ..ယောက်ျားတစ်ယောက်ရဲ့ ဂရုစိုက် ကြင်နာမှု ဆိုတာ ဘယ်လိုမှန်းတောင် မသိတော့ပါဘူး…အမြဲတမ်း…သိတက်ရမယ်..သိတက်ရမယ်…နားလည်ပေးရမယ်..နားလည်ပေးရမယ်…သည်းခံပေးရမယ်…သည်းခံပေးရမယ်…ဒါတွေချည်းပဲ…ဆယ့်သုံးနှစ် ဆယ့်သုံးနှစ် လုံးလုံး…ငါ သည်းခံပေးခဲ့တာ….အချိန် ဆယ်သုံးနှစ် က သူ အလကားလူမှန်း ပြောပြနေသလို ပဲလေ…ဘယ်အချိန်ထိ ငါ နားလည်ပေးနေရဦးမှာလဲ…ဟင်…”

ပျိုးWhere stories live. Discover now