Part 35

277 32 2
                                    

ပျိုး

အပိုင်း (၃၅)

#ပျိုး

09190257 NOK

“သားငယ်…လာပြီလား…”

“ဟုတ်ကဲ့..အမေ ဘာဖြစ်လို့လဲဟင်…”

သားကို အိမ်စာ ရေးခိုင်းနေချိန် အမေက ခဏလာဖို့ ဖုန်းဆက်ခေါ်တော့ သားကလည်း လိုက်မယ်ဆိုပြီး ဂျီကျလို့ ခေါ်ခဲ့ရတာ..။

မိုးချုပ်မှ မခေါ်ဖူးတော့ စိတ်လည်း ပူရပါသည်…။

ခုံမှာ ထိုင်နေတဲ့ အမေကတော့ မျက်နှာ မသာမယာ ဖြစ်နေပေမဲ့လည်း ကျန်းမာရေး ကိစ္စတော့ မဟုတ်နိုင်ဘူးလို့ စွမ်းရည် တွေးမိပြီး နည်းနည်း စိတ်သက်သာသွားရသည်။

“ထိုင်ပါဦး…သားရယ်…သားသားလေး…မမနုနု နဲ့ ခဏဆော့နေနော်…နုနု ရေ ကလေး ကို မုန့်ကျွေးလိုက်ပါဦး..”

သား ကို နုနု က ခေါ်သွားတော့ လွှတ်နေတဲ့ ခုံမှာ ၀င်ထိုင်လိုက်တော့မှ မကြီးလည်း ထိုင်နေတာကို တွေ့ရပြီး အံသြသွားသည်။

“မကြီး လည်း ရောက်နေတာလား…”

“အေး…မောင်လေး…”

“အမေ နေမကောင်းလို့လားဟင်…”

“ကောင်းပါတယ်…သားရယ်..ဟင်း…သား မကြီး က စိတ်မကောင်းဖြစ်နေတာ သားရယ်…”

“ဘာဖြစ်လို့လဲဟင်…ဘာဖြစ်လို့လဲ..မကြီး..”

စွမ်းရည် အလောတကြီး မေးလိုက်မိတော့ မကြီးက မျက်ရည်သုတ်ပြီး ခေါင်းငုံ့နေသည်။

“ဒီလိုပါ သားငယ်ရယ်..သားငယ် လုပ်ပေးထားတဲ့ ကလေးတွေနဲ့ မေလေးရဲ့လက်ဝတ်လက်စားတွေ အမေ့ဆီမှာ ရှိတယ်လေ…သားကို ပေးဖို့ကို သားကလည်းမေ့ အမေကလည်း မေ့နေတာ…ဟိုနေ့က သမီး က အလည်လာရင်း သား မိန်းမရဲ့ ဆွဲကြိုးပုံလေးကို ကြိုက်လို့ ပုံစံပြလုပ်ဖို့ ခဏယူသွားတယ်…သူအပ်တဲ့ ဆိုင်က ခု ဘာအရှုပ်တွေ ဖြစ်တယ် မသိဘူး…ဆိုင်ပိတ်ပြီး မိသားစုလိုက် ပျောက်သွားတာ…သမီးရဲ့ ငွေတွေလည်း ဆုံး သား မိန်းမ ဆွဲကြိုးလည်း ပါသွားတယ်…အဲဒါ သမီးက တော်တော် စိတ်မကောင်းဖြစ်နေတာ…”

“ဟုတ်ပါတယ်…မကြီး က မောင်လေးဆီ မှာ ပြောပြီး ယူထားတာ မဟုတ်တော့ ခုလို ဖြစ်သွားတာ တကယ် ရှက်ဖို့လည်း ကောင်းပါတယ်…မကြီး ပြန်လျော်ပေးပါမယ်နော်…မကြီးမှာ တာဝန်ရှိတာပါ…”

ပျိုးWhere stories live. Discover now