Part 4

233 21 0
                                    

ပျိုး

အပိုင်း (၄)

#ပျိုး

06020725

“ကိုကို…မဖြစ်ရင်…”

“သမီးက လိမ်မာသိတက်တဲ့ကလေးပါ…စိတ်မပူပါနဲ့…ကိုကို လည်း အနားမှာ ရှိနေမှာပါ…”

“အေး က စိတ်မချလို့ပါ…”

“ အဖေ တစ်ယောက်လုံး အနားမှာ ရှိပါကွာ…သဘောထား သေးသိမ်တဲ့ လူစားမျိုး မဟုတ်လို့ ခေါ်သွားတာ…ဘာမှ စိတ်မပူနဲ့…”

“အေး သိပါတယ်…နှစ်ရက်ကြာမှာ ဆိုတော့ ကိုကို အတွက် အခက်အခဲ ဖြစ်ကုန်မှာ စိုးလို့ပါ…”

“မဖြစ်ပါဘူး..စိတ်ဖြောင့်ဖြောင့်ပဲ သွားပါ…ရွာရောက်ရင် ဖုန်းဆက်လိုက်ဦး..”

“ဟုတ်ကဲ့…”

မေမေ က ကားပေါ်တက်သွားတော့ မေလေး လက်ပြနှုတ်ဆက်လိုက်သည်။

မေမေ့ သူငယ်ချင်း သီတာ နဲ့ မမပန်ကတော့ မေမေ နဲ့ လိုက်သွားသည်။

ဖေဖေ က မေလေး ပခုံးကို ဖက်လိုက်တော့ မေလေး မော့ကြည့်ပြီး ပြုံးပြလိုက်သည်။

“မေမေ နဲ့ လိုက်ချင်တာ ကို မခေါ်ဘူး..”

“ရွာက ဝေးတယ်…သမီးရဲ့…နောက်ပြီး အစစ ရှားပါးတာ သမီး ပင်ပန်းမှာ စိုးလို့ မေမေ က ထားခဲ့တာပါကွာ…”

“အင်းပေါ့…ဖေဖေ နဲ့ လိုက်ရင် ညီမလေးနဲ့လည်း တွေ့ရမယ်လို့ မေမေ က ပြောတယ်…မေလေး ရင်တောင် တုန်နေပြီ…ဟီး..ဟီး..”

မေလေး ဘာမှ မသိ နားမလည်တဲ့ ကလေး တစ်ယောက်လို ဟန်ဆောင်ကာ ရယ်ပြလိုက်တော့ ဖေဖေ က လည်း သဘောကျကာ ရယ်ပြီး ဆံပင်တွေကို သပ်ပေးသည်။

“လာ….သမီး…”

ဖေဖေ က မေလေး လက်ကို ဆွဲပြီး ကားဆီ ကို ခေါ်သွားသည်။

“ဖေဖေ့ ကား ကို ခုမှ သေချာ စီးဖူးတယ်…”

“အင်း..ဖေဖေ လည်း မအားလို့ပါ သမီးရယ်…”

“မေလေး သိပါတယ်..ဖေဖေရဲ့…မေလေး တို့အတွက် ဖေဖေ က ပင်ပန်းခံပြီး ပိုက်ဆံရှာနေတာပဲဟာ…”

“သမီး က လိမ်မာသိတက်လိုက်ကွာ…ဖေဖေ့ အမောပြေလေးပဲ…”

“ဟီး..ဟီး…မေလေး က ဖေဖေ့ကို ချစ်တာကိုး…”

ပျိုးWhere stories live. Discover now