ပျိုး
အပိုင်း (46)
#ပျိုး
11110450
“ဟုတ်..မေကြီး…ဟုတ်…ကလေးတွေလည်း ကျောင်းပိတ်မှာ ဆိုတော့ လာခဲ့ပါမယ်…”
မေလေး ဖုန်းပြောရင်း ခုတင်ပေါ်က သူ့ကို လှမ်းကြည့်မိတော့ ခေါင်းရမ်းပြတော့ ဘာမှ မပြောတော့ပဲ ထားလိုက်ရသည်။
မေလေး ဖုန်းချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ခုတင်ခြေရင်းမှာ ၀င်ထိုင်လိုက်မိသည်။
“ဘာစားချင်လဲ..ဘာလုပ်ပေးရမလဲဟင်…”
“ရတယ်…ညနေလောက်ဆို ကောင်းသွားမှာပါ…စိတ်မပူပါနဲ့…”
မေလေး ကို အားပေးနေတဲ့ သူက နှုတ်ခမ်းတွေ ဖြူပြီး မျက်နှာက သွေးရောင်တောင် မရှိတော့ဘူးလေ..။
နဖူးကို လက်နဲ့ စမ်းတာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိနိုင်တော့ပေမဲ့ ထပ်စမ်းကြည့်မိပြန်သည်။
အဖျား ရှိနေတုန်းပါပဲ…။
သူ ဟိုမှာ ခဏခဏ ဖျားပြီး အဆုတ်ရောင်တဲ့အထိ ဖြစ်ထားဖူးတယ်ဆိုတာ သိလိုက်ရတော့ ပိုပြီး စိတ်ပူမိသည်။
“ဆေးခန်း ထပ်သွားလိုက်ပါ…စွမ်းရယ်…ဟင်…ကားမမောင်းနိုင်ရင် ကားငှားသွားကြမယ်လေ…”
မျက်လုံးမှိတ် ခေါင်းရမ်းပြီး မေလေး လက်ကို ဖွဖွ ကိုင်ထားတော့ ထပ်မပြောတော့ပဲ ငြိမ်နေမိသည်။
မနက်က သူ့ဟာသူ ဆေးခန်းသွားပြတယ်ဆိုပေမဲ့ သက်မှ မသက်သာတာ..။
မနက်တုန်းကတောင် ထူထူထောင်ထောင် ရှိသေးတယ်..။
ဆေးသောက်ပြီး အိပ်ပျော်သွားလိုက်တာ နိုးလာတော့ အိပ်ရာထဲကတောင် မထနိုင်တော့ဘူးလေ.။
တစ်အိမ်ထဲနေ တစ်အိပ်ရာထဲ အိပ်နေပြီး နေမကောင်းတာလည်း နည်းနည်း ပါးပါး အသိပေးတာ မဟုတ်ဘူး..။
ကလေးတွေ ကျောင်းသွားတော့မှ အလုပ်မသွားပဲ အိပ်ရာထဲ ပြန်ခွေနေလို့ နေမကောင်းမှန်း သိရတာ..။
အနားမှာ ထိုင်နေတဲ့ ဆယ်ငါးမိနစ် အတွင်း တဟင်းဟင်း နဲ့ အဖျားတက်လာတော့ မေလေး လက်တစ်ဖက်တည်းဖြင့် အနားက ရေသုတ်ဝတ်ကို ယူကာ နဖူးပေါ် တင်ပေးလိုက်ရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...