Part 10

196 21 0
                                    

ပျိုး

အပိုင်း(၁၀)

#ပျိုး

06071034

“ဒေါ်ကြီး…အန်တီ ပြန်ရောက်နေတာလား…”

“အင်း..ဟုတ်တယ်…”

နေ့ခင်းပိုင်းဆိုတော့ ထမင်းစားပြီးမှ ပြန်ထွက်မယ်ဆိုတာ မေလေး သိလိုက်သည်။

သူ အချိန်ပေးထားတဲ့ တစ်ပတ်ကလည်း ပြည့်တော့မည်လေ..။

ဖေဖေ အိပ်နေချိန် သူနဲ့ စကားပြောချင်ပေမဲ့ ဘယ်လို ပြောရမလဲ မသိလို့ စဉ်းစားထားရတာလည်း အမျိုးမျိုးပါပဲ..။

ဘာပဲဖြစ်ဖြစ် တိုင်ပင် ပြောနိုင်တယ်လို့ ပြောထားပေမဲ့လည်း မေလေး မှာ စိတ်ထဲ မရဲ ဖြစ်နေသည်။

“ဟို…မေလေး ….အန်တီနဲ့ စကားပြောချင်လို့လေ…ပြောပေးပါလား…”

“ဟင်…သွားပြောလေ…”

“ကြောက်လို့….”

“ဘယ်သူမှ မရှိပါဘူး…သမီးရဲ့…”

မေလေး ဘာမှ ထပ်မပြောပဲ ငြိမ်နေမိတော့ ဒေါ်ကြီးက အလိုက်တသိ မေလေး လက်ကို ဆွဲကာ အိမ်ရှေ့ခန်းကို ခေါ်လာသည်။

“မိမိုးရေ…ဒီမယ်…ဒီကလေးမ…နင့်ကို စကားပြောချင်လို့တဲ့…”

“ဟမ်…ပြောလေ…လာထိုင်…”

စာအုပ် အရှည်ကြီးမှာ ဘောပင်နဲ့ မှတ်နေရင်းက မျက်မှန်ကျော်ကြည့်ပြီး ပြောတော့ မေလေး တံတွေးတစ်ချက် မြိုချကာ အနားက ခုံတစ်ခုံမှာပဲ ၀င်ထိုင်လိုက်ရသည်။

“ဒေါ်ကြီး ထမင်းထည့်ပြီးရင် ကျော့ကျော့တို့ကို သွားခေါ်လိုက်ဦး..”

“အေး….အေး…”

အနားက ‌ဒေါ်ကြီး ထွက်သွားတော့ မေလေး မှာ အားကိုးတကြီး လိုက်ကြည့်မိပြန်သည်။

ဘယ်လောက်ပဲ နေတာ ကြာလာပါစေ သူ့ရှေ့ရောက်ရင် အပြစ်လုပ်ထားသူ တစ်ယောက်လို မေလေး ကြောက်နေတာပါပဲ…။

“ပြောလေ…ဘာပြောမလို့လဲ….”

“ဟို…ကျောင်းကိစ္စပါ…”

“စဉ်းစားပြီးသွားပြီပေါ့…”

“ဟင့်အင်း…မေလေး မစဉ်းစားတက်လို့….အဲဒါ…”

ပျိုးWhere stories live. Discover now