Part 39

304 25 5
                                    

ပျိုး

အပိုင်း (၃၉)

#ပျိုး

10020108

“ပြည့်ပြည့်ရေ….ရေဇလုံ လဲပေးပါဦး…”

“ဟုတ်ကဲ့….”

စွမ်းရည် လက်ထဲက ရေဇလုံကို အခန်းဝမှာ ချပေးလိုက်ချိန် သားနဲ့သမီးက အခန်းဝမှာ မျက်နှာငယ်လေးတွေနဲ့ ရပ်ကြည့်နေတော့ စိတ်မကောင်း ဖြစ်ရသည်။

“ပါပါး…မာမား နေအကောင်းဘူးလား..”

သားက နှုတ်ခမ်းမဲ့ပြီး ငိုသံလေးနဲ့ ပြောတော့ စွမ်းရည် ကပျကယာ ခေါင်းရမ်းပြီး သားရှေ့မှာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်ရသည်။

“မာမား က ဖျားနေလို့သားရဲ့…သားနဲ့သမီးကို အဖျားကူးမှာစိုးလို့နော်….ဆေးသောက်ထားတယ်…ညနေဆို သက်သာသွားလိမ့်မယ်…”

“မာမား သေတော့မှာလား ပါပါး…အီး…”

“ဟင်…”

သမီးကပါ ငိုပြီးမေးတော့ စွမ်းရည်မှာ ပို၍ ပျာယာခတ် သွားရသည်။

ကလေးတွေကို အဖျားကူးမှာစိုးလို့ မနက်အိပ်ရာထ ကတည်းက အခန်းပြင်မှာပဲ နေခိုင်းရတာ..။

ကျောင်းပိတ်ရက် ဖြစ်နေတော့ ပိုလို့ ဆိုးသွားသည်။

သမီး ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း ငြင်းရတော့သည်။

“မဟုတ်ပါဘူး..သမီးရယ်…မဟုတ်ပါဘူး…ဆေးသောက်ထားတယ်…ဟန တို့ကို အဖျားကူးရင် ကျောင်းပျက်မှာစိုးလို့…”

“အီး…ပါပါး က တီဗွီထဲကလို မာမားကို အာဘွားပေး နှုတ်ဆက်နေတာမလား…”

သမီးက ငိုသံနဲ့ အော်ပြီး ရန်တွေ့ရင်း မေးတော့ အန်တီကျော့တို့များ ရောက်လာရင်လို့ တွေးမိပြီး အိမ်ရှေ့ကို အလန့်တကြား လှမ်းကြည့်မိသည်။

ပြည့်ပြည့်လည်း မီးဖိုချောင်ထဲ ရောက်နေလို့ တော်ပါသေးရဲ့..။

“မဟုတ်ပါဘူး…သမီးရယ်…မာမား က နေမကောင်းလို့ ၀မ်းနည်းနေလို့ ပါး က ချော့နေတာကွ…မာမားက ညနေဆို လုံးဝ ကောင်းပြီ…”

“တကယ်လား…”

“အင်း…တကယ်…ခု…အိမ်ရှေ့မှာ ခဏစောင့်နေနော်…မာမားကို ရေ၀တ်တိုက်ပေးပြီးရင် ပါး လာခဲ့မယ်နော်….မာမား အိပ်နေတော့ တိုးတိုးပဲဆော့နော်…”

ပျိုးWhere stories live. Discover now