ပျိုး
အပိုင်း (၁၈)
#ပျိုး
08131249
“မရီ….မရီရေ….ပြီးရင်…ရေဖလားလေး အောက်ကျသွားတာ ကောက်ပေးပါဦး…”
“……..”
အိတ်တွေကို ကြိုးချည်နေရင်း လှည့်တောင် မကြည့်တဲ့ ကျောပြင်ကို ကြည့်ကာ မေလေး အသံမထွက်အောင် ရယ်မိသည်။
“မရီ လို့…မရီ…မေလေး ပြောတာ ကြားလား…ပြန်ပြောဦး…”
“……..”
“နေပါစေတော့….ကိုယ့်ဟာကိုပဲ ဆင်း ကောက်လိုက်ပါတော့မယ်လေ…”
အိတ်ကို ဘေးက မြေတလင်းပေါ် ဘုတ်ခနဲ့ မြည်အောင် ပစ်ချလိုက်ပြီးနောက် မျက်မှောင်ကြီး ကြုတ်ကာ ဆတ်ခနဲ့ လှည့်၍ လူကို သတိပေးသလို ခြိမ်းခြောက်သလို ခပ်စူးစူး ကြည့်သည်။
မေလေး မသိချင်ယောင်ဆောင်နေလိုက်တော့မှ တစ်ဖက်ကို ပြန်လှည့်သွားကာ လုပ်လက်စတွေကို ပြန်လုပ်နေသည်။
“လေးထောင့်ငါးရာပေါ့…ဦးလေး…”
“အေး…ကောင်လေး…ဦးလေး က မတွက်တက်ပါဘူး…”
“သူများဈေးထက် ပိုပေးတာနော်…ခုလို ကောင်းတဲ့ ပစ္စည်းမျိုးဆို ကျွန်တော်တို့ဆီပဲ လာသွင်းနော်…”
“ဟုတ်ပါပြီ…ဖွင့်ထားတာ မကြာသေးလို့နေမယ်…လူတွေသိရင် နီးနီးနားနားပဲ လာကြမှာပါ…”
“ဟုတ်ကဲ့..ဦးလေး လည်း ပြောပေးလေဗျာ…”
“အေးပါ…အေးပါ…”
တောသူ လယ်သမား ဦးလေးကြီး နဲ့လည်း ပနံသင့်နေလှတဲ့ စွမ်း ကို ကြည့်ရင်း မေလေး သဘောကျနှစ်သက်စွာ ပြုံးမိသည်။
မေလေး ဘက်က အမှားကို သူ့ဘက်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာမယ်လို့ ထင်ထားခဲ့ပေမဲ့လည်း မပြောင်းမလဲ ချစ်နေဆဲ ဆိုတော့ ကြည်နူးရသလို ကျေးဇူးလည်း တင်ရပါသည်။
အဖေ နဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရှိခဲ့တဲ့ သူက သူ့သားသမီးတွေကိုတော့ သူ့အဖေ လို လုပ်ရက်မှာ မဟုတ်ဘူးဆိုတဲ့ မေလေး အထင်က မှန်ကန်ခဲ့လို့ တော်သေးသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...