Part 36

272 29 2
                                    

ပျိုး

အပိုင်း (၃၆)

#ပျိုး

“ကျစ်…”

စွမ်းရည် စိတ်မရှည်လို့ လက်ထဲက ဖုန်းကို ခပ်ဆောင့်ဆောင် ပစ်ချလိုက်မိသည်။

ပျက်သွားလည်း အေးတာပဲ..။

နေ့တိုင်း အတူတူ တစ်အိမ်ထဲ ရှိနေတော့ သတိထား စောင့်ကြည့်စရာမလိုပဲ အကုန်သိနေရသည်။

သူ့မှာ နောက်တစ်ယောက်ရှိတယ် စွမ်းရည်နဲ့ ကွာရှင်းဖို့ကြိုးစားနေတယ်ဆိုတာကို  သိပ်မယုံချင်သလို ဖြစ်လာသည်။

ဒါပေမဲ့ တစ်ခုတည်းသော သက်သေ က သူ့ဖုန်း..။

သူက အကိုင်မခံ အထိမခံလေ စွမ်းရည်မှာ သံသယ နဲ့ ပူလောင်ရလေပါပဲ..။

သူ့အကျင့်အတိုင်း လူကို သောက ဖြစ်အောင် လှည့်စားနေတာများလားလို့ ခပ်ပေါ့ပေါ့ ဖြည့်တွေးကြည့်မိတဲ့ အခါလည်း ရှိသည်။

ကြာကူလီကောင်နဲ့ ခိုးပြေးကြတော့မှာလား လို့ တွေးပြီး အိပ်မပျော်တဲ့ ညလည်း ရှိသည်။

သားနဲ့သမီး နဲ့ ရင်းနှီးပျော်ရွှင်လာရလေ သူ့ကိစ္စကို ပိုတွေးရလေပါပဲ..။

ကလေးတွေကို ပျော်စရာကောင်းတဲ့ မိသားစု ဖန်တီးပေးချင်ရင် မိဘနှစ်ယောက်စလုံး အဆင်ပြေနေမှ ဖြစ်မှာလေ..။

ဘယ်လိုပဲ ဟန်ဆောင်ထားပါစေ မျက်နှာရိပ် မျက်နှာကဲသိလွန်းတဲ့ သူတို့လေးတွေက အပြည့်အ၀မပျော်နိုင်ရှာဘူးလေ..။

အထူးသဖြင့် သမီးပေါ့..။

စွမ်းရည် ကျောင်းလိုက်ပို့ပြီးလို့ ပြန်ဖို့ နှုတ်ဆက်ချိန်ဆို..”မာမားနဲ့ ရန်မဖြစ်နဲ့နော်”လို့ မှာတက်သည်။

ကျောင်းဆင်းချိန်သွားကြိုလို့ လူကို တွေ့တာနဲ့ မေးတဲ့စကားက “မာမားနဲ့ ရန်ဖြစ်သေးလား”ဆိုတာပင်..။

သားကတော့ ယောက်ျားလေး ဖြစ်သလို အဆော့လည်း သန်လို့ သိပ်မတွေးတက်ပေမဲ့ အကြီးဖြစ်ပြီး မိဘပြဿနာတွေကို တစွန်းတစ နားလည်နေသူ သမီးမှာတော့ မိဘတွေအတွက် သောက ဖြစ်နေမှန်း သိသာသည်။

သမီးရဲ့ စိုးရိမ်မကင်းတဲ့ မျက်ဝန်းလေးတွေက စွမ်းရည်ကို နာကျင်စေပါသည်။

ပျိုးWhere stories live. Discover now