Part 26

179 18 1
                                    

ပျိုး

#ပျိုး

အပိုင်း (၂၆)

08220302

“ကျော်..နေမကောင်းလို့လား..”

“ကောင်းပါတယ်ကွ…”

“ပါတီမှာ မပျော်ဘူးထင်တယ်..”

“မဟုတ်ပါဘူး…ဒီနေ့ ကိုယ် နည်းနည်း ပင်ပန်းထားလို့ပါ..”

“ဒါပေါ့..စာမေးပွဲပြီးသွားတော့ ခက်ခဲတဲ့ အချိန် တစ်နှစ်ကို ကျော်လာခဲ့ပြီနော်…”

“ဟုတ်တယ်…ဟုတ်တယ်..ဒီလိုပဲ တွေးပြီး ပျော်ပျော်နေကြတာပေါ့…”

စွမ်းရည် လက်ထဲက ခွက်ကို မြှောက်လိုက်တော့ အတူတူ စားသောက်နေတဲ့ အခန်းဖော်တွေက ခွက်တွေမြှောက်ပြီး တိုက်ကြသည်။

“စီနီယာကြီး လျော့သောက်နော်…မနက်ဖြန် စောစော အလုပ်သွားရဦးမယ်မလား…”

ကျော်စိုးဝေက စွမ်းရည် ကို သတိပေးလိုက်တော့ ဝိုင်းထဲက ကောင်မလေးတွေက မျက်လုံးပြူး ကြည့်ကြသည်။

“အိုး...အလုပ်မနားဘူးလား…”

“မင်းတို့ စီနီယာကြီးက မျက်နှာ နှစ်ဖက် ရှိတာကွ…သူ့ကိုကြည့်ရင် ခပ်အေးအေး ကောင်လို့ ထင်တယ်မလား..”

“ဟုတ်တယ်လေ…”

“အဲလိုပဲမလား..”

ကောင်မလေး နှစ်ယောက်က ကျော်ကြီး ရှုပ်သမျှကို နားမလည်ဟန်ဖြင့် ခေါင်းညိတ် နေတော့ စွမ်းရည် ဘာမှ ၀င်မပြောပဲ ပြုံးနေမိသည်။

“သူက စာကြိုးစားပြီ့း စာတော်တယ်…ကျောင်းအသင်းအဖွဲ့တွေမှာ ပျော်ပျော်နေတက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် လို့ ထင်ကြတယ်မလား…”

“ဟုတ်..”

“ဒီကောင်က အဲ့လိုက တစ်မျက်နှာ..နောက်တစ်မျက်နှာက အမြဲမှိုင်ပြီး  အထီးကျန်ကျန်နဲ့ အလုပ်ကိုပဲ သေအောင် ကြိုးစားနေတဲ့ကောင်…”

“ဘယ်လို…”

“မဖြစ်နိုင်တာ..စီနီယာကျော်က ပျော်ပျော်နေတက်တဲ့ လူပါ စီနီယာ လိမ်နေတာမလား..”

“မဟုတ်ဘူး..တကယ်…”

“မဟုတ်ဘူးမလား….စီနီယာ”

ပျိုးWhere stories live. Discover now