Part 44

218 22 7
                                    

ပျိုး

အပိုင်း (၄၄)

#ပျိုး

10051203

“ပါပါး…ကုန်ပြီ…”

“လိမ်မာတယ်နော်…”

သား က မီးဖိုခန်းထဲ ပြေးဝင်လာပြီး ပေးတဲ့ ရေခွက်နဲ့ မုန့်ပန်းကန်ကို ယူလိုက်ကာ တူးစပြုနေတဲ့ ဟင်းအိုးကို ကပျာကယာ မွေရသည်။

“သမီး…ကုန်အောင် စားရမယ်နော်…အိပ်တော့မှ ဆာနေမယ်…”

သမီး အကြောင်းကို သိနေလို့ ထပ်အော်လိုက်ကာ ဟင်းအိုးကို အဆက်မပြတ်မွှေပြီး မီးပိတ်လိုက်သည်။

“ပါပါး..မာမား က ဘယ်တော့ပြန်လာမေလဲ…”

‘နေကောင်းရင်ပေါ့…ပါးတို့ ဆန်ဒေးကျရင် သွားခေါ်မယ်လေ…ခုက တွက်ရင် နှစ်ရက်ကြာရင် သွားခေါ်မယ်လေ…”

“နှစ်ရက်ပေါ့…”

“အင်း..”

သား က လက်နှစ်ချောင်းထောင်ပြပြီး ထပ်မေးတော့စွမ်းရည် ခေါင်းညိတ်လိုက်ရသည်။

သမီးက တစ်ဝက်ပဲ ကုန်သည့် ပန်းကန်ကို ကိုင်ပြီး တရွေ့ရွေ့ ၀င်လာတော့ သက်ပြင်းချမိသည်။

လက်ကို အ၀တ်နဲ့ ကပျာကယာ သုတ်လိုက်ပြီး သမီးလက်ထဲက ပန်းကန်ကို ယူလိုက်ရသည်။

“သမီးကကွာ..နည်းနည်းလေးကိုပဲ မကုန်ဘူး…လာ..ပါး ခွံမယ်..”

“မာမား မလာသေးဘူးလား…”

သမီးက မျက်နှာငယ်နဲ့ မေးတော့ စွမ်းရည် သက်ပြင်းထပ်ချလိုက်ကာ ထမင်းပန်းကန်ကို ဇွန်းခပ်လိုက်ရသည်။

“ဆန်ဒေးကျ ပါးတို့ သွားမှ လိုက်လာမှာလေ…အင့်…တစ်လုတ်စားလိုက်…သမီးက လိမ်မာတယ်လေ…”

သမီး ကို ချော့ပြီး ထမင်းတစ်လုတ် ခွံပေးလိုက်တော့မှ စားတော့သည်။

သား က သူ့လက်ထဲက အရုပ်ကို စားပွဲပေါ် တွန်းဆော့ရင်း ငြိမ်နေလို့ တော်သေးသည်။

မနေ့ညတုန်းကဆို မြတ်နိုး နဲ့ ဖုန်းပြောပြီးကတည်းက မောင်နှမ နှစ်ယောက် ငိုကြလို့ မနည်းချော့ယူရသည်လေ..။

“သမီး ကျောင်းမှာ သူငယ်ချင်း အသစ်ထပ်ရသေးလား..”

“အင်း…ဖြူဖြူ လိုပဲ ဆံပင်ရှည်နဲ့ တစ်ယောက်ရှိသေးတယ်…သူက ချောတယ်…”

ပျိုးWhere stories live. Discover now