ပျိုး
အပိုင်း (၁၂)
#ပျိုး
06100600
“ဟဲ့…မြတ်ပန်း…လုပ်ဦး…လုပ်ဦး … စာမေးပွဲ စစ်မှာသေချာတယ်တဲ့…”
သူ့လက်ထဲက ဖုန်းကို မြတ်သောပန်း ကို အတင်းပေးနေတော့ မေလေးလည်း စာအုပ်ဖတ်နေရင်း လှမ်းကြည့်မိသည်။
ဘယ်လိုတွေပါလိမ့်..။
မြတ်သောပန်း ပြောလည်း ပြောချင်စရာ…စကားပြောရင် ဟဲ့လို့ သုံးလိုက် မင်းလို့သုံးလိုက်နဲ့…။
“ဟလို…အေး..ဟုတ်တယ်….ဒါဆို သဘက်ခါ သေချာတယ်ပေါ့…အမ်း…”
မြတ်သောပန်းက စိတ်မရှည်သလို ပြောပြီး ဖုန်းပြန်ပေးတော့ နားမှာကပ်ပြီး နားထောင်နေသေးသည်။
“ငါ့ကို ကယ်ပါဦး…မြတ်ပန်းရာ…ငါ စာတွေ လုံးဝ မကြည့်ရသေးတာ…လုပ်ပါဦး”
ဖုန်းကို ဘေးမှာချပြီး လက်ကို နောက်ပြန်ထောက်ကာ အော်ညည်းနေတော့ မေလေး မသိမသာ နှာခေါင်းရှုံ့မိသည်။
“သေလိုက်တော့…မသာ…နင့်ဟာနင် အလေလိုက်နေတာလေ…”
အစတုန်းကတော့ မြတ်သောပန်း စက်ရုပ်မ က သူ့ကို ကြိတ်သဘောကျနေတယ် ထင်ခဲ့တာ..။
အိမ်ကို ၀င်ထွက်နေတာ များလာတော့ စက်ရုပ်မ စိတ်မရှည် ဆဲဆိုနေတာများ ကိုယ်ကတောင် အားနာမိသေးသည်။
ဟိုကောင်ကလည်း ဘာပဲပြောပြော စပ်ဖြဲဖြဲ ပုံစံချည်းပါပဲ..။
မေလေးနဲ့ ရွယ်တူဆိုပေမဲ့ မြတ်သောပန်းရဲ့ သူငယ်ချင်းမို့ ခပ်ကင်းကင်း မေးထူးခေါ်ပြောသာ နေမိသည်။
အလုပ်လည်းလုပ် ကျောင်းလည်းတက်တာမို့ ခုလို ပိတ်ရက် ညနေပိုင်းမှသာ တစ်ခါတလေ တွေ့တာပါ..။
မေလေး မရှိချိန် သူတို့နှစ်ယောက်တည်း စာလုပ်ရတော့ စိတ်ပူပေမဲ့လည်း မြတ်သောပန်းက ဒီလောက် မမိုက်လောက်ပါဘူးလေ..။
“ငါ တကယ် စာမရသေးတာ…နင်ပြပေးမယ်မလား…”
“လာ မလုပ်နဲ့…နင့်အကြောင်း ငါသိတယ်…ဒိုင်လျှိုကျက်ထားပြီးသား..”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...