Part 38

329 28 2
                                    

ပျိုး

အပိုင်း (၃၈)

#ပျိုး

09220240

“ထမင်း  ပြင်ရတော့မလား…မမ”

“ဟင်…အင်း..”

‌မေလေး ခေါင်းညိတ်ပြီး ခိုင်းလိုက်ရပေမဲ့လည်း လူကတော့ ရှေ့က လမ်းမကိုသာ ငေးရင်း အတွေးတွေဖြင့် ရှုပ်ထွေးနေသည်။

ညတုန်းက အဖြစ်ကို ပြန်တွေးမိတိုင်း ရှက်မိသလို ကိုယ့်ကိုယ်ကိုသာ ဒေါသထွက်ရသည်။

ဘာအရူးထပြီး ဘာတွေ ဖြစ်သွားမှန်းတောင် သေချာ မမှတ်မိတော့ပါဘူး..။

အဖြစ်အပျက် တွေကလည်း ရှုပ်ထွေးလွန်းတော့ မေလေး စိတ်တွေ ရှုပ်ထွေး နောက်ကျိပြီး ခုချိန်ထိ ငိုချင်နေတုန်းပါပဲ..။

လုံးဝ အံသြပြီး စိတ်လှုပ်ရှား မယုံနိုင် ဖြစ်ခဲ့ရတာက အန်တီက ဒုတိယ မိန်းမ ရဲ့ သမီးတဲ့..။

အန်တီကျော့ ထပ်ပြောပြတာ အန်တီက  သူ့အဖေ ဆိုတာကို သူ့အမေ နေမကောင်းလို့ ဆေးဖိုး ပိုက်ဆံသွားတောင်းရင်း တစ်ကြိမ်ပဲ တွေ့ဖူးခဲ့တာ..။

သမီး လို့တောင် အခေါ်မခံဖူးဘူး..။

နင့်မျက်နှာ ငါ မမြင်ချင်ဘူးလို့ မောင်းလွှတ်ခဲ့တာတဲ့..။

အဲဒါကြောင့် ပိုက်ဆံရှာတဲ့နေရာမှာ သူများထက် ပိုပြီး စိတ်ထက်သန်နေတာတဲ့..။

တခြားသူသာ အဲ့လို ဘ၀ အကြောင်းပြောပြရင် မဖြစ်နိုင်တဲ့ လုပ်ဇာတ်လို့ တွေးမိမှာ အမှန်ပါ..။

အန်တီ့လို မိန်းမက အဲလို အတိတ်တွေ ရှိနေစရာလား..။

ဒါပေမဲ့လည်း အန်တီက မလိမ်တက်ဘူးဆိုတာ မေလေး သိပါသည်။

အဲဒါကြောင့် မေလေး ဘ၀ကို နားလည်ပြီး အခွင့်အရေး တွေ အများကြီး ပေးခဲ့တာ ထင်ပါရဲ့..။

အန်တီ့ရဲ့ ဘ၀ကို ကြားရပြီး တုန်လှုပ်နေမိချိန် သူ့ကို  အန်တီက ငွေပေးပြီး လွှတ်လိုက်တဲ့ အကြောင်းတွေပါ ထပ်သိရတော့ အတော်လေး အံသြသွေးပျက်ခဲ့ရပါသည်။

“အန်တီ…အန်တီ တကယ် လွှတ်လိုက်တာလားဟင်…ဟုတ်လား..”

မေလေး မယုံနိုင်လို့ ထပ်ခါ ထပ်ခါ မေးနေမိတော့ အန်တီက သက်ပြင်းချရင်း ခေါင်းညိတ်သည်။

ပျိုးWhere stories live. Discover now