ပျိုး
အပိုင်း (၄၇)
#ပျိုး
11120327
“မာမား..လှတယ်…”
“ဟုတ်လား…”
မေလေး မှန်ထဲကို ကြည့်ရင်း ၀တ်ထားတဲ့ စိန်လည်ကပ် ဆွဲကြိုးလေးကို သေချာ နေရာချလိုက်မိသည်။
“ဒါကော..လှတယ်မလား…”
“အွင်း…”
“ပါပါး ၀ယ်ပေးတာလေ…”
“ဟီး..ဖြူဖြူ မှာလည်း ပါပါး ၀ယ်ပေးတာ ရှိတယ်နော်..မာမား..”
“ဟုတ်တယ်…”
မေလေး အ၀တ်အစားလဲ ပြင်ဆင်နေကတည်းက သမီး က အလစ်မပေးတော့တာ သိပါသည်။
သားက သူ့အဘွားနဲ့နေခဲ့ဖို့ အဆင်ပြေသော်လည်း သမီးက မေလေးကို အပျောက်ခံမှာ မဟုတ်ဘူးလေ..။
ဒါပေမဲ့ လူကြီးတွေရှေ့ လက်မှတ်ထိုးပွဲကို ကလေးတွေ ခေါ်သွားလို့မှ အဆင်မပြေတာ..။
မေလေး ခေါင်းဖြီးတော့လည်း သမီးက အနားမှာ စောင့်ကြည့်နေသည်။
ဈေးကြီးပေးပြီး ဖြောင့်ထားတာ မကြာသေးတဲ့ ဆံပင်က ထုံးသွားရင် ပုံပျက်မှာစိုးလို့ ချပဲ ထားရတော့မည်။
ကျောလယ်အထိ ရှည်တဲ့ ဆံပင်တွေကို ရှေ့နှစ်ဖက်မှာ နည်းနည်း ဆွဲချလိုက်ပြီး နှုတ်ခမ်းကို ဖိကပ်ကာ နှုတ်ခမ်းနီညှိရင်း သမီးကို ဘယ်လို လစ်ထွက်ရမလဲဆိုတာလည်း တွေးနေရသည်။
“ပြီးပြီလား..မိန်းမ…”
“ပြီးပြီ…”
စွမ်းက အခန်းရှေ့ကနေ လာမေးတော့ မေလေး ကူရာ ကယ်ရာ တွေ့သလိုမျိုး သမီးကို မျက်စပစ်ပြရင်း သတိပေးလိုက်ရသည်။
“သမီး က ဂါဝန် အသစ် ၀တ်ထားတာလား…”
“ဟီး..ဟုတ်တယ်..ပါပါး..”
သမီး က ဂါဝန်တောင် သူ့ဟာသူ လဲဝတ်ထားတာဆိုတော့ မခေါ်သွားဘူး ပြောရမှာလည်း စိတ်မကောင်းဖြစ်ရသည်။
“ကောင်းတယ်..ကောင်းတယ်…ညနေကျရင် ပါးတို့ မေမေကြီး အိမ်မှာထမင်းသွားစားရမှာလေ…”
“ပါပါး တို့ က ခု သွားမှာမလား…”
“အင်း..ဟုတ်တယ်…ပါး နဲ့ မာမား က…မေမေကြီး အလုပ်ရှုပ်နေတာ သွားကူရမယ်…ဧည့်သည်တွေလည်း အများကြီး ရောက်နေတော့…ပါး နဲ့ မာမား က ဧည့်သည်တွေနဲ့ စကားပြောပေးပြီး အလုပ်တွေလည်း ကူပေးရမှာ..ညကျမှ သမီးနဲ့သားကို ပြန်လာခေါ်မယ်နော်..”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...