Chapter 3.1
ယွမ်မိသားစုမှာမူလကတည်းက မက်ခါထုတ်လုပ်ခြင်းဖြင့်အစဥ်အဆက်ချမ်းသာလာခဲ့တာဖြစ်သော်လည်း ယခုနှစ်အတွင် မက်ခါအမျိုးအစားအသစ်များစွာပေါ်လာခဲ့သည်။ ယွမ်မိသားစုမှာ သိပ်အမီမလိုက်နိုင်သဖြင့် ကုမ္မဏီ၏အခြေအနေမှာ အနည်းငယ်ကျဆင်းလာနေတာဖြစ်သည်။ ထို့ကြောင့်ချီမိသားစု၏အကူအညီကိုကျိန်းသေလိုအပ်ပေသည်၊
ထို့အပြင် ယွမ်ရှင်းကျဲမှာ တက္ကသိုလ်ကို၀င်ဖို့ ချီယုမိသားစု၏အကူအညီကိုမှီခိုခဲ့တာပင်၊ ချီယုအကူအညီမရှိရှင် တက္ကသိုလ်မှ ကန်ထုတ်ခံရလိမ့်မည်။
ယွမ်ရှင်းကျဲတစ်ယောက် သူ့ကို ဒီလိုဆက်ဆံရဲအောင်ဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ။
"မင်းဒီနေ့အတော်သတ္တိကောင်းနေတာပဲ၊ ဒါပေမယ့်မင်း ရှင်းဟိုင်တက္ကသိုလ်ကို ငါ့မိသားစုအကူအညီနဲ့၀င်လာတယ်ဆ်ုတာမမေ့လိုက်နဲ့ ၊ မင်းကစေ့စပ်ထားတာကိုဖျက်ချင်တယ်ဆိုမှတော့ မင်းရဲ့လက်ရှိအရည်အချင်းနဲ့ဆို ကန်ထုတ်ခံရဖို့သာပြင်ထား"
ချီယုပြောပြီးနောက် ယွမ်ရှင်းကျဲ ၏နောင်တရသောအမူအယာဖြစ်ပေါ်လာမည်ကို စောင့်နေလိုက်သည်။
သို့သော်ယွမ်ရှင်းကျဲကမူ သာမန်ကာလျှံကာ အိုးဟုအသံတစ်လျက်သာပြုလျက် မော်ပင်ကြည့်မလာချေ။
သူကျောင်းကထွက်ရမည်ကို ဂရုမစိုက်ပါ။ သူယခင်ဘ၀ကလည်း မကျန်းမာသဖြင့်ကျောင်းတက်ခွင့်မရခဲ့ ။ သူ့အရည်အချင်းနှင့်သူ မက်ခါပညာရှင်တစ်ဦးဖြစ်လာခဲ့တာဖြစ်သည်။
ယွမ်ရှင်းကျဲ၏ဂရုမစိုက်သောအမူအယာကိုမြင်လျှင် ချီယုအလွန်မကျေမနပ်ဖြစ်လာတော့သည်။ သူ့မှာ၀ါဂွမ်းကိုထိုးနေရသလိုပင် သူ၏စိတ်အခြေအနေမှာပို၍ဆိုးလာခဲ့သည်။
သို့သော်သူတွေးလိုက်မိသည်။ ယွမ်မိသားစုကကျဆင်းနေလေပြီ။ ယွမ်ရှင်းကျဲသည်လည်းအနှေးနှင့်အမြန် ကျောင်းကထွက်ရလိမ့်မည်။ နောက်တွင်သူတို့နှစ်ဦး မှာမသက်ဆိုင်သူတွေဖြစ်သွားကြလိမ့်မည်။ ဤနေ့အတွက်နောင်တရလိမ့်မည်။
