Chapter 49
တူညီသောမနက်ခင်းတွင် လော့ဝမ်ချွမ်းပြန်ရောက်လာခဲ့သည်။
သူက လေယာဥ်ငယ်ထဲမှမထွက်လာခင် နန်းဝတ်နန်းစားကို ကျောင်းယူနီဖောင်းနှင့်လဲလှယ်ဝတ်ဆင်လိုက်ပြီး ကျောပိုးအိတ်ကိုလက်တစ်ဖက်ထဲဖြင့်သယ်ဆောင်ကာ ပြိုင်ပွဲကွင်းပြင်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
လော့ဝမ်ချွမ်း၏ပြိုင်ကွင်းနှင့် ယွမ်ရှင်းကျဲ၏ပြိုင်ကွင်းတို့မှာ မတူညီချေ။ သူက ဌာနတစ်ခုထဲရှိအတန်းဖော်ဖြစ်သော Aအဆင့်မုန်တိုင်းမက်ခါနှင့် ယှဥ်ပြိုင်ရမှာဖြစ်သည်။
မုန်တိုင်းမက်ခါများက မက်ခါခြောက်မျိုးထဲတွင် ခုခံအားအကောင်းဆုံးဖြစ်သည်။ သူတို့က ဒိုင်းကာမျိုးစုံကို ပြိုင်တူအသုံးပြုနိုင်ပြီး တင့်ကားများ၏လုပ်ဆောင်ပုံနှင့်ဆင်တူသည်။ ပြိုင်ပွဲတွင် မုန်တိုင်းမက်ခါများနှင့်ရင်ဆိုင်ရပါက ပုံမှန်ကြာမြင့်ချိန်မှာ မိနစ်နှစ်ဆယ်အနည်းဆုံးပင်။
သို့ရာတွင် လော့ဝမ်ချွမ်းက ပြိုင်ဘက်ကိုအလဲထိုးရန် ၇မိနစ်၃၀စက္ကန့်သာ အချိန်ယူခဲ့သည်။
မက်ခါမောင်းနှင်သူက သူ၏တစ်စစီဖြစ်နေသောဒိုင်းကာကိုတစ်လှည့် လော့ဝမ်ချွမ်းကိုတစ်လှည့်ကြည့်ရင်း ဝေခွဲမရဟန်ဖြင့်မေးလေသည်။
"ချွမ်းကြီး...ငါတို့ကဌာနတစ်ခုထဲလေကွာ...မင်းဘာလို့ ဒီလောက်မညှာမတာတိုက်ရတာလဲ..."
လော့ဝမ်ချွမ်းက တစ်ဖက်ပြိုင်ကွင်းသို့သွားနေရင်း ပုံမှန်အသံနှင့်ဖြေလိုက်သည်။
"ဆောရီး....ငါဟိုဘက်ကွင်းကပွဲကို သွားကြည့်မလို့.."
"ဟိုဘက်ကွင်းကဘယ်သူတိုက်နေတာလဲ...ခယ့်လိုင်လား..အက်ရှလေလား..ဟဲဟောင်မင်လား.
ခယ့်လိုင်ပဲဖြစ်ရမယ်...ဟုတ်တယ်မလား.."လော့ဝမ်ချွမ်းအပါအဝင်.အဆိုပါလေးဦးမှာ ကျောင်းအသင်းရှိအသန်မာဆုံး မက်ခါမောင်းနှင်သူများဖြစ်ကြသည်။ သူတို့ကစာသင်နှစ်ရော၊ မောင်းနှင်သည့်မက်ခါအမျိုးအစားပါ ကွဲပြားကြသော်လည်း ကျောင်းအသင်း၌ အရေးပါသောတိုက်ခိုက်သူများပင်။