Chapter 111
“မင်းအထင်လွဲသွားစေတဲ့အတွက် စိတ်မကောင်းပါဘူး...အကယ်၍ငါတို့ရဲ့သုတေသနကိုသာ ကူညီပေးရင် မင်းဘာပဲလိုချင်လိုချင် ရစေရမယ်လို့ငါကတိပေးပါတယ်...”
ယူဂျင်းက ယွမ်ရှင်းကျဲကိုကြည့်ရင်း တစ်လုံးချင်းထပ်ပြောသည်။
“ပိုပြီးအရေးကြီးတာက အင်ပါယာနဲ့သူလျှိုတွေကြားမှာ စစ်ပွဲဖြစ်လာနိုင်တယ်...အကယ်၍ငါတို့ရဲ့နည်းပညာသာမအောင်မြင်ခဲ့ရင် မင်းအပါအဝင်အားလုံးအတွက် အန္တရာယ်ရှိလာလိမ့်မယ်...”
ယူဂျင်းစကားလုံးများက ယွမ်ရှင်းကျဲကိုငိုင်သွားစေသည်။
သုတေသနဌာနက နောက်ကွယ်ကနေ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့...သူ့အတွက် အဲ့ဒီ့မှုတ်ဆေးကရမှဖြစ်မှာ...
ထို့အပြင် ဌာနသို့ဝင်လိုက်လျှင် ပို၍ကောင်းမွန်သောမက်ခါကို ဖန်တီးနိုင်ချေရှိ၏။
ဒါပေမယ့် သူသည်းမခံနိုင်တာက သူ့ကိုဒီလူတွေက သုတေသနလုပ်စရာကြွက်တစ်ကောင်လို ဆက်ဆံနေတာပဲ...
“သုတေသနမှာ ကျွန်တော့်အကူအညီကို ဘယ်လိုမျိုးလိုအပ်တာလဲ...”
ယွမ်ရှင်းကျဲက မင်ရှောင်းကိုမေးလိုက်သည်။
“စိတ်စွမ်းအားတိုးမြှင့်စက်သုတေသနမှာပါ...”
မင်ရှောင်းကဆက်ပြောသည်။ “ငါတို့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ကိရိယာတစ်ခုကို တီထွင်ထားပေမယ့် အသက်သွင်းနိုင်တဲ့လူက အရမ်းနည်းနေတယ်လေ...ဘာလို့အသက်မသွင်းနိုင်တာလဲဆိုတာကိုတော့....မင်းနားလည်အောင်ရှင်းပြဖို့ခက်...”
“ဘာလို့ဆို စိတ်စွမ်းအားကိုဆန့်ကျင်နေလို့မဟုတ်လား...”
နေရာတွင်ရှိနေသူအားလုံး ကြောင်အသွားသည်။ ယွမ်ရှင်းကျဲ ထိုသို့မေးလာလိမ့်မည်ဟု တစ်ယောက်မှမထင်ထားကြချေ။
၎င်းမှာ အာရုံကြောချိတ်ဆက်မှုနည်းပညာကို အဆင့်မြှင့်ချိန်တိုင်း မလွဲမသွေကြုံတွေ့ရမည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အရင်ဘဝတုန်းက ယွမ်ရှင်းကျဲ အဆိုပါသုတေသနတွင် လူကိုယ်တိုင်ပါဝင်ဖူးသည်။ ထို့ကြောင့် ကိစ္စတစ်ရပ်လုံးကို ရှင်းရှင်းလင်းလင်းသိလေသည်။