Chapter 5.1
ယွမ်ရှင်းကျဲ၏မျက်လုံးများပြူးကျယ်သွားကာ နောက်သိူ့ဆုတ်လျက်အမြန်ရှောင်လိုက်ရတော့သည်။ သို့သော် ထိုမျှနှင့်မပြီးသေးချေ။ လုရန်ရှုမှာဘေးတွင် အသက်ရှုဖို့ပင်မေ့လျော့နေတော့သည်။
ကျိုးဖေးရွယ်ပင် မျက်မှောင်ကြုတ် မိသည်အထိ။ အယ်လ်ဖာနှင့် အိုမီဂါကြားမှ ခွန်အားကွာခြားမှုကို သူသိသည်ပင်။
အော်ရီရယ်၏လက်သီးချက်မှာယွမ်ရှင်းကျဲကို ကျိန်းသေထိုးမိလိမ့်မည်။ သိူ့သော်..
သိူ့သော် ကျိုးဖေးရွယ်တစ်ယောက် ၀င်တားချိန်မရသေးခင်မှာပင် ယွမ်ရှင်းကျဲကထိုလက်သီးချက်ကို တံတောင်ဖြင့်အသာအယာကာလိုက်သည်ကိုတွေ့လိုက်ရလေသည်။ လှုပ်ရှားမှုအနည်းငယ်အတွင်း ယွမ်ရှင်းကျဲ ဤခန္ဓာကိုယ်နှင့်လျင်မြန်သွာအသားကျသွားခဲ့သည်။ အော်ရီရယ်မှာသူ၏တိုက်ခိုက်မှုမှန်သမျှအလွယ်တကူချေဖျက်ခံရသည်ကိုမြင်လျှင်သတိကပ်လိုက်တော့သည်။ အချိနွတိုလေးအတွင်းမှာ ယွမ်ရှင်းကျဲသည် သူ၏ဟာကွက်တချို့ကိုဖမ်းမိသွားခဲ့သည်။
အော်ရီရယ်၏လက်ကောက်၀တ်အား သူ၏ဘယ်လက်ဖြင့်ဆောင့်ဆွဲလျက် အော်ရီရယ်၏နှာခေါင်းရိုးအား ညာဘက်တံတောင်ဆစ်ဖြင့် တိုက်ချလိုက်သည်။
အော်ရီရယ်မှာယခုလေးတင်လက်သီးချက်ကိုထိုးသွင်းထားသဖြင့် ထိုအအနေအထားအတိုင်းပင် မျက်လုံးများ ပြူးကျယ်လျက်အမြန်ရှောင်လိုက်သည်။ သို့သော်သူသက်ပြင်းမချနိုင်ခင်မှာပင် ယွမ်ရှင်းကျဲမှာ နောက်ထပ်ရှုထောင့်တစ်ခုမှ တံတောင်ထိုးချက်ကိုပစ်သွင်းလာပြန်သည်။ဤတစ်ကြိမ်တွင် အော်ရီရယ်၏ပါးစောင်ကိုထိုးမိသွားပြီး အားဟုပင်အသံပြုလိုက်မိလေသည်။
အော်ရီရယ်မှာနာကျင်စွာသူ၏ပါးကိုကိုင်ရင်း မျက်လုံးများက အားနည်းသောအိုမီဂါတစ်ဦးထံမှထိုးခံရသည်ကိုမယုံနိုင်မှုကြောင့်ပြူးကျယ်လျက်၊
ချက်ချင်းပင် သူအံကိုကြိတ်လျက် မျက်နှာအားလက်ဖြင့်လျက်ခေါင်းငုံ့ကျသွားသည်။