Chapter 21
မက်ခါမောင်းနှင်သူနေရာပွင့်လာသည်နှင့် ကင်မရာစက်ရုပ်မှာမောင်နှင်သူပါတ်ပါတ်လည်အားရိုက်ကူးလျက် ထုတ်လွှင့်လာခဲ့သည်။ လူငယ်လေးသည် နာနိုဓါတ်ရောင်ခြည်ကာကွယ်ရေး၀တ်စုံကိုချွတ်လျက် ခေါင်းထက်မှ စိတ်စွမ်းအင်ဆက်သွယ်သောဦးထုတ်ကိုပါဖယ်ရှားလိုက်သည်။
သူ၏နဖူးတွင်ချွေးစလေးများသီးလျက်။သူသည်ခေါင်းကိုညင်သာစွာခါလိုက်သောအခါ ချွေးစလေးများသူ၏ဆံစအဖျားလေးများထိတွဲခိုနေခဲ့သည်။ အသားအရည်မှာ နူးညံ့ကာချောမွေ့လျက် သူ၏ပါးမို့တို့မှာ ယခုမှလေ့ကျင့်ခန်းလုပ်ပြီးစသကဲ့သို့နီရဲနေကာ သူ၏ကိုယ်မှာလည်းလွန်စွာဆွဲဆောင်မှုရှိလှသည်။
ရိုးရှင်းသော လေ့ကျင့်ရေး၀တ်စုံကို၀တ်ဆင်ထားကာ သူ၏ကိုယ်မှာအရပ်မြင့်မြင့်အယ်လ်ဖာတစ်ဦးနှင့်ပိန်ပါးသောအိုမီဂါတစ်ဦးကြားတွင်ရှိသည်၊
မောင်းနှင်သူနေရာမှထွက်လာလျှင် သူကအလွန်သေသပ်စွာချောမောနေခဲ့သည်။ လူငယ်လေး၏ကြည်လင်ပြီးရှင်းသန့်သောမျက်လုံးလေးများက ကင်မရာကိုကြည့်လာသောအခါ ဒုတိယနှစ်များအနားယူနေသောနေရာကတိတ်ဆိတ်သွားခဲ့သည်၊ ယွမ်ရှင်းကျဲမက်ခါကိုသိမ်းလိုက်သည်အထိ မည်သူမှသတိ၀င်ပုံမပေါ်သေးချေ။
"ငါ.ငါစိတ်ထင်နေတာမဟုတ်ပါဘူးနော်"
"ဒီရုပ်ရည်၊ ဒီအသားအရည် ၊ ဒီအချိုးအစားကအယ်လ်ဖာမဖြစ်နိုင်ဘူးမလား"
"ဘုရားရေ.. သူက ...သူကအိုမီဂါလား"
ထိတ်လန့်မှု အံ့အားသင့်မှုနှင့်မယုံကြည်နိုင်မှုတို့ဖြင့်
ဒုတိယနှစ်များမှာ ဤကျောင်းသားလေး၏လိင်အမျိုးအစားကိုခန့်မှန်းရန်ကြိုးစားနေကြသည်။
သို့သော်အဖြေမှာသိသာနေခဲ့ပြီးသားပင်။မည်သည့်အယ်လ်ဖာသော်မျှအခြားအယ်လ်ဖာတစ်ယောက်ထံ ဤမျှဆွဲဆောင်မှုမျိုးခံစားရစရာအကြောင်းမရှိချေ။ ဘီတာပင်လျှင်မဖြစ်နိုင်ချေ။လူအုပ်ကြီးမှာ ကျောင်းသမိုင်းကိုပြောင်းလဲစေမည့်ကိစ္စကြီးကိုကြုံတွေ့ရသည့်နှယ်ပွဲဆူလျက်။