Chapter 13
လော့၀မ်ချွမ်းမျက်ခုံးကိုပင့်လျက် ခယ့်လိုင်အားအ သေအချာကြည့်လိုက်သည်။ ထို့နောက်အံ့အားသင့်မှုကသူ၏မျက်၀န်းထဲဖြတ်ပြေးသွားလျက် အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သူကမျက်လုံးကိုအသာမှိတ်လျက် သူ၏လေသံကမူအနည်းငယ်တိုးလျနေခဲ့သည်။
"ငါသိတယ်"
ခယ့်လိုင်ပါးစပ်ကိုပိတ်လျက် ဘာကိုမှမပြောတော့။
သူသည်အခိုက်အတန့်တွင် လော့၀မ်ချွမ်း၏အတွေးကိုနားမလည်နိုင်ချေ။ သူ၏အခန်းဖော်မှာ မည်သည့်ရှုထောင့်ကကြည့်ကြည့် ပြီးပြည့်စုံသော အယ်လ်ဖာ တစ်ဦးဖြစ်သည်။သို့သော် သူကမည်သည်အိုမီဂါ နားကိုမျှကပ်ခြင်းမရှိချေ။သူကအိုမီဂါများကိုကြောက်ရွံ့သည့်ရောဂါရှိသည်ဟု အတင်းစကားများပင်ရှိသည်။ ခယ့်လီသာလျှင် တကယ့်အကြောင်းအရင်းကိုသိသည်။
"ငွေလွှဲလိုက်ပြီ စစ်ဆေးတာတွေပြီးတာနဲ့ရောက်သွားလိမ့်မယ်"
လော့၀မ်ချွမ်းတည်ငြိမ်စွာပြောလိုက်သည်၊
"ငါမှောင်ခိုစျေးကိုခဏသွားဦးမယ်၊ မင်အရင်စားနှင့်ပါ၊ ဒီနေ့ပင်ပန်းသွားပြီ"
....
ကောင်းကင်မှာမှောင်ရိပ်သန်းလာခဲ့ပြီ။
မှောင်ခိုစျေးတွင် မြေအောက်ထပ်သုံးထပ်ရှိကာ
လူသွားလူလာနည်းသည်ပင်။ မက်စ်ကို၀တ်ဆင်ထားသော ယွမ်ရှင်းကျဲမှာ ယခင်တစ်ခေါက်က တလက်ကိုင်ပစ္စည်းအဟောင်းဆိုင်သို့ထပ်ရောက်လာချေပြီ။ ဆိုင်ရှင်မှာမက်ခါလာယူသည်ဟုထင်၍ သူ့အားပေးရန်ပြင်လိုက်သော်လည်း လူငယ်လေး၏စကားသံကိုကြားလိုက်ရသည်။"သူဌေး မက်ခါစျေးကိုနည်းနည်းလျော့ပေးလို့ရသေးလား"
"ဒီမှာ ကောင်လေး ၊ ငါ့ကိုလာနောက်နေတာလား"
.ခပ်၀၀ဆိုင်ရှင်မှာအနည်းငယ်မကြည်မသာဖြစ်သွားခဲ့သည်။"ငါဒါကိုမင်းအတွက် ၁ပါတ်လောက်သိမ်းထားပေးရတာ အခုထပ်ပြီးစလာပြန်ပြီလား"