Chapter 6
Sue Xing NwayOctober 23, 2022
Chapter 6
လုရန်ရှုမှနောက်ဆုံးတွင်မှသာလူအုပ်ကြားမှလွတ်မြောက်လာရှာသည်။ ယွမ်ရှင်းကျဲ၏စကားကိုကြားသောအခါ သူ့ခမျာမောပန်းနေသည့်ကြားထဲမှ အသက်ရှူပင်ရပ်သွားတော့မတက်၊ မျက်လုံးများပြူးကျယ်လျက်
"မင်းဘာတွေပြောနေတာလဲ"
"စာရင်းပေးမလို့လေ"
ယွမ်ရှင်းကျဲ လုရန်ရှူအားကြည့်လိုက်ကာ
"မင်းရော စာရင်းပေးချင်လား"
"ရှင်းကျဲ ငါ့ကိုသေချာနားထောင် ဒီပြိုင်ပွဲကအရမ်းအန္တရာယ်များတာနော်"
လုရန်ရှုမှာသူ၏မနှလုံးသားတစ်ခုလုံးဖြင့်ဖြောင်းဖြလိုက်သည်။ သို့သော်ယွမ်ရှင်းကျဲမှာ ဖြုံတောင်မဖြုံချေ။
"ပြိုင်ပွဲပဲ စွန့်စားရတာတော့ရှိမှာပေါ့"
၄င်းကိုကြားလျှင် စာရင်းလက်ခံသောစာရေးမှာပြုံးလျက်
"မင်းမှာကိုယ်ပိုင်မက်ခါရှိသ၍ မင်းပြိုင်ပွဲ၀င်လို့ရပါတယ်"
ယွမ်ရှင်းကျဲတန့်သွားခဲ့သည်။
"ပြိုင်ပွဲမှာမက်ခါအတူတူပဲသုံးတာပဲမဟုတ်ဘူးလား"
"သေချာပေါက်မဟုတ်ဘူးပေါ့"
စာရေးမှာသူ့စကားအားရယ်စရာကောင်းသည်ဟုခံစားရလျက် ရှင်းပြလာခဲ့သည်။
"တစ်ယောက်နဲ့တစ်ယောက်မှ စိတ်စွမ်းအားအဆင့်မတူကြတာကို ၊ သုံးတဲ့မက်ခါအမျိုးအစားလည်းကွာတာပေါ့၊ ဘယ်လိုလုပ်တူမှာလဲ"
လုရန်ရှုလည်းထိုတော့မှ သက်ပြင်းကြီးချလျက်
"ကံကောင်းလို့ မင်းမှာမက်ခါမရှိဘူး"ယွမ်ရှင်းကျဲမှာမကျေမနပ်ဖြင့်ထွက်သွားတော့သည်။
ထွက်မသွားခင်တွင် သူသည် အဖြူရောင်စက်လုံး စက်ရုပ်လေးထံထပ်သွားပြီး မက်ခါများတိုက်ပွဲကိုထပ်၍ကြည့်လိုက်သေးသည်။ ပြီးမှထွက်ခွာသွားတာဖြစ်သည်။ လုရန်ရှုမှာ သူ၏စိတ်ဓါတ်ကျနေသော မျက်နှာကိုမြင်လျှင် ခေါင်းကိုကုတ်လျက်