Chapter 47
ယွမ်ရှင်းကျဲက အနည်းငယ်ရှုပ်ထွေးသွားသည်။ သူက ဘော့စ်လို့ခေါ်တာမကြိုက်ဖူးမဟုတ်ဖူးလား...
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းထံမှ ထိန်းချုပ်ဆေးသေတ္တာနှင့် အချက်အလက်များကိုသယ်ဆောင်ကာ အိပ်ဆောင်သို့ပြန်လာခဲ့သည်။
လုရန်ရှုက သက်သာလုနီးပါးဖြစ်နေပြီဖြစ်သည်။ ယွမ်ရှင်းကျဲပြန်ရောက်သောအခါ လုရန်ရှုအား ဆိုဖာပေါ်တွင်သတင်းကြည့်ရင်းလဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူက ကပျာကယာ လက်ဝှေ့ယမ်းလိုက်ကာ
"လာ..လာ..သတင်းထူးရှိတယ်..."ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းပေးခဲ့သော ပစ္စည်းများကိုနေရာချလိုက်ပြီး လုရန်ရှုဆီသို့လျှောက်သွားကာ မှတ်ဉာဏ်တု၏စခရင်မှ သတင်းကို တစ်ချက်ကြည့်လိုက်သည်။
(လျှို့ဝှက်ဆန်းကြယ်သော ဒုတိယမင်းသားလေး မြို့တော်သို့ ပြန်လာခြင်း)
"ဒုတိယမင်းသား..." ယွမ်ရှင်းကျဲက မေးလိုက်သည်။
"သူက မြို့တော်မှာမနေဘူးလား..."
လုရန်ရှုက သူ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။
"မင်းသတင်းကိုလုံးဝမကြည့်ဘူးလား..တော်ဝင်မိသားစုက ဒုတိယမင်းသားငယ်ငယ်ကတည်းက အတွေ့အကြုံရအောင်လို့ဆိုပြီး တခြားဂြိုဟ်တွေဆီကိုစေလွှတ်ခဲ့တာလေ...ဒါပေမယ့် သူဘယ်ဂြိုဟ်ကိုသွားပြီး...ဘယ်အချိန်ပြန်လာမယ်ဆိုတာ ဘယ်သူမှမသိကြဘူး..."
ယွမ်ရှင်းကျဲနှင့်ပတ်သက်သည့် ဇာတ်ကြောင်းတွင် ဤအချက်အလက်များစွာမပါရှိချေ။ မူလကိုယ်သည် အချစ်မှလွဲ၍အခြားအရာများကို ဂရုမစိုက်သော အမြောက်စာဇာတ်ကောင်သာဖြစ်သည်။
လုရန်ရှုက ဆက်ပြောသည်။
“ဒုတိယမင်းသားကဘယ်သူဆိုတာကိုရော...တော်ဝင်မိသားစုက သူ့အချက်အလက်တွေကိုဘာကြောင့် ဒီလောက်ထိလျှို့ဝှက်ထားတယ်ဆိုတာကိုရော ဘယ်သူမှမသိကြဘူး...မင်းပြောကြည့်...သူ့ကိုတော်ဝင်မိသားစုက အမွေဆက်ခံသူအဖြစ်ပျိုးထောင်ထားတာလို့ထင်လား..."
![](https://img.wattpad.com/cover/346223772-288-k852454.jpg)