hapter 11
လူတိုင်း၏အေးခဲနေသော အကြည့်အောက်တွင် လေ့ကျင့်ရေးမက်ခါမှ အောင်မြင်စွာနိုးထလာလေပြီ၊
ကျိုးဖေးရွယ်မှာ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်အောင်ဖြစ်နေမိသည်။ အော်ရီရယ်၏မူလ စိတ်ကြီး၀င်နေသောမက်နှာမှာလည်းအေးခဲလျက်။
စွမ်းအင်မီးကိုကြည့်လျက် သူ့တွင်ပြောစရာစကားပင်မဲ့သွားမိသည်။လုရန်ရှုသည်သူ၏မျက်လုံးကိုပွတ်သပ်လျက် မိမိလက်မောင့်ကိုဆိတ်ကြည့်လိုက်ကာ အိပ်မက်မက်နေသည်မဟုတ်မှန်းအတည်ပြုလိုက်ပြီးမှ
"သေစမ်း၊ သူကCအဆင့်စိတ်စွမ်းအားပဲ ရှိတာမဟုတ်ဘူးလား"
"ဘယ်လိုလုပ်လိုက်တာလဲ၊ သူမက်ခါကိုအဆင့်ကျော်ပြီးမောင်းနိုင်တာလား"
"အဆင့်ကျော်တယ်ဟုတ်လား၊ မဖြစ်နိုင်ဘူး"
ထိုအခိုက်အတန့်တွင် မက်ခါမှာယွမ်ရှင်းကျဲနှင့် တသားထဲပေါင်းစပ်သွားသကဲ့သို့။ ယွမ်ရှင်းကျဲ သူ၏လက်ချောင်လေးများကိုလှုပ်လိုက်လျှင် မက်ခါလည်းလက်ချောင်းများကိုလှုပ်လိုက်သည်။
လေ့ကျင့်ရေးမက်ခါမှာ အားလုံး၏အကြည့်များရှေ့တွင် စတင်လမ်းလျှောက်လိုက်သည်။ လှုပ်ရှားမှုမှာချောမွေ့လျက် ခြေတစ်လှမ်းစီတွင် မြေပြင်မှာတုန်ခါနေခဲ့သည်။
"ကြည့်စမ်း၊ သွားနေပြီ"
"ယွမ်ရှင်းကျဲကတကယ်ကြီးမက်ခါမောင်းနိုင်တယ်ပေါ့လေ"
"သူအရင်ကမက်ခါအတန်းတွေတောင်မတက်ဘူးမဟုတ်ဘူးလား"
မက်ခါကိုစတင်မောင်းနှင်သူအများစုမှာ မက်ခါ၏လှုပ်ရှားမှုထိန်းညှိရန်အလွန်ခက်ခဲကြသည်ပင်၊
လမ်းလျှောက်လျှင်လည်းကျွမ်းထိုးမှောက်ခုန်ဖြစ်ကြသူချည်း။သို့သော်ယွမ်ရှင်းကျဲကမူ မက်ခါအား အလွယ်တကူပင် လမ်းလျှောက်ရန်ထိန်းချုပ်နိုင်လေသည်။ ဤသည်မှာမည်သို့ကျိုးကြောင်းဆီလျော်ပါမည်နည်း။
လမ်းလျှောက်နေသောမက်ခါကြီးကိုကြည့်ပြီး လူတိုင်းမိမိဘ၀ကိုမေးခွန်းထုတ်မိကုန်ကြသည်။သို့သော်မက်ခါ၏နောက်ထပ်လှုပ်ရှားမှုကမူ လူတိုင်းပါစပ်အဟောင်းသားဖြစ်စေရသည်အထိ။