Chapter 17
သူထင်ခဲ့သည်မှာ ဤသည်မှာ သာမာန်တံတောင်ကွေးအဆင့်မြှင့်မှုလေးပါပဲဟု။ ပြောရမည်ဆိုလျှင် သူသည် မွမ်းမံခြင်းအဆင့်ကိုတော့မပြောနိုင်ချေ၊သိူ့သော်ရက်အနည်းငယ်ခံမောင်းနှင်ကြည့်ပြီးနောက် သည်တစ်ခေါက် မွမ်းမံခြင်းမှာသာမာန်တော့မဟုတ်ခံစားရသည်ပင်။
"သူ့နာမည်ကဘာတဲ့လဲ" ကျိုးဖေးရွယ် သိချင်စိတ်ဖြင့်မေးလိုက်သည်။
"မသိဘူး"လော့၀မ်ချွမ်းပြန်ဖြေလိုက်သည်။
"မင်းမသိဘူးပေါ့"ကျိုးဖေးရွယ် မယုံနိုင်စွာပင်
"ဘာလို့သိအောင်မလုပ်တာလဲ၊ သူ့ကိုမင်းရဲ့မက်ခါဆရာသခင်အဖြစ်တောင်ငှားထားလို့ရချင်ရမှာကို"
လော့၀မ်ချွမ်းဤမေးခွန်းကိုပြန်မဖြေချေ။ ထိုအစား ပုံကိုသာအတွေးများစွာဖြင့်ထပ်ကြည့်လိုက်သည်။
ထိုစဥ် ကျိုးဖေးရွယ်ယူလာသောမက်ခါ အဆင့်ပြန်သတ်မှတ်ခြင်းပြီးဆုံးသွားခဲ့သည်။
၀န်ထမ်းကသူ့အားမက်ခါပြန်ကမ်းပေးလျက်ဆိုလိုက်သည်။
"အဆင့်ကBပါပဲ ဘာပြသနာမှမရှိပါဘူး"
ကျိုးဖေးရွယ်တောင့်ခဲသွားတော့သည်။ အဆင့်ခွဲမှုပြသနာရှိနေတာမဟုတ်လျင် ယွမ်ရှင်းကျဲ မည်သို့များလုပ်ခဲ့ပါသနည်း။ လော့၀မ်ချွမ်းကဲ့သို့ပင် သူသည်မက်ခါအားပေါက်ထွက်မတက်ကြည့်နေမိတော့သည်။
သုံးရက်ကြာပြီးနောက်တွင် ရှင်းဟိုင်တက္ကသိုလ်မက်ခါပြိုင်ပွဲကစတင်ချေပြီ။ မနက်ပိုင်းမှာ တတိယနှင် စတုတ္ထနှစ်များပြိုင်ပွဲချိန်ဖြစ်ကာ နေ့လည်ပိုင်းက ပထမနှင့် ဒုတိယနှစ်များအတွက်ဖြစ်လေသည်။
နှစ်အလိုက် သပ်သပ်စီယှဥ်ပြိုင်ရမည်ဖြစ်ကာ တစ်နှစ်စီအတွက် လူအယောက် ၅၀စာနေရာသာရှိသည်။
ပြိုင်ပွဲ၀င်သူအရေအတွက်များသဖြင့် ၀င်ခွင့်မှာငရဲဟုပင်နာမည်ကြီးလေသည်။ ပြိုင်ပွဲ၏တည်နေရာမှာ မြို့တော်ရှိနှင်းဆီမိုးသစ်တောတွင်ဖြစ်သည်။ လှပသောနာမည်နှင့်မလိုက်ဖက်စွာ သစ်တောမှာအလွန်စိုထိုင်းပြီး များစွာသောကြယ်သားရဲများကနေရာအနှံ့တွင်ရှိနေသည်။
![](https://img.wattpad.com/cover/346223772-288-k852454.jpg)