Chapter 9
ခဲ့လီမှာလော့၀မ်ချွမ်း၏မက်ဆေ့အား ပြန်ပို့ချင်သည့်တိုင် လက်ချောင်းများပါတုင်ယင်နေခဲ့သည်။ အတော်ကြာတွန့်ဆုတ်နေပြီးမှ
"အခြေအနေအတော်ဆိုးလို့လား"
ဤတစ်ကြိမ်တွင်တော့ လော၀မ်ချွမ်းမှာချက်ချင်းပင်ပြန်ဖြေလာသည်။
"မဆိုးပါဘူး" ထိုစကားလုံး၂လုံးက ခဲ့လီအားတုန်လှုပ်သွားစေသည်၊ သူကပုံမှန်ပြန်ဖြစ်ရန် ၁၀စက္ကန့်ခန့်အချိန်ယူလိုက်ရသည်။ လော့၀မ်ချွမ်းမှာ မက်ခါနှင့်ပါတ်သတ်လျှင် အမြဲချေးများခဲ့တာပင်။
မက်ခါများမှာလော့၀မ်ချွမ်းအတွက် ဆာမူရိုင်းတစ်ယောက်၏ ဓါးကဲ့သို့ပင်။ သူသည်ဘယ်တော့မဆို သူ၏မက်ခါအား အကောင်းဆုံးဖြစ်အောင်ထားသည်။
ထို့ကြောင့်သူကျောင်းကထွက်သွားသည့်အခါတိုင်း ခဲ့လီထံ အပ်ထားခဲ့ခြင်းပင်။ ခဲ့လီလည်းသက်ပြင်းချလျက်မေးလိုက်မိသည်။
"ဒါဆိုမင်းကျောင်းကိုပြန်လာပြီး စမ်းမောင်းကြည့်ပြီးတဲ့အထိစောင့်ရအောင်လေ "
အတော်ကြာပြီးတော့မှ လော့၀မ်ချွမ်းက "အင်း"ဟုတုန့်ပြန်ပြီးမှ ဆက်၍ဆိုလာခဲ့သည်။
"ကျေးဇူး"
ခဲ့လီမှာသူ၏အခန်းဖော် ဘာတွေတွေးနေလဲ မသိသော်ငြား ကြည့်ရသည်မှာတော့ လော့၀မ်ချွမ်းမှာ မက်ခါအဆင့်မြှင့်ထားသည်အား စိတ်တိုင်းကျပုံပင်။
ကြည့်ရတာ အဲဒီအိုမီဂါက မဆိုးဘူးပဲ၊
[ခဲ့လီ]:ဒါနဲ့မင်းကျောင်းကိုဘယ်တော့ပြန်လာမှာလဲ
[လော့၀မ်ချွမ်း]:ဒီအပါတ်
[ခဲ့လီ]:မစ်ရှင်ရောအဆင်တပြေပြီးသွားရဲ့လား၊
[လော့၀မ်ချွမ်း]:မဆိုးပါဘူး
[ခဲ့လီ]:ငါတို့ဆုကြေးအများကြီးရလောက်လား
[လော့၀မ်ချွမ်း]:အင်း
ခဲ့လီသက်ပြင်းချလိုက်မိသည်။
ထင်တဲ့အတိုင်းပဲ ချို့တဲ့ တဲ့ကလေးကပိုရင့်ကျက်တယ်၊
သူနဲ့လော့၀မ်ချွမ်းမှာ ရှင်းဟိုင်တက္ကသိုလ်၏ဒုတိယနှစ် မက်ခါမောင်းနှင်ရေးမေဂျာမှဖြစ်ကာ အခန်းဖော်ဖြစ်သည်မှာ ၁နှစ်ခန့်ရှိပြီပင်။
မည်သူမျှလော့၀မ်ချွမ်း၏ ဇစ်မြစ်ကိုမသိကြ။ သူကိုယ်တိုင်ကမူ အဆင့်နိမ့်ကြယ်မှလာသည်ဟုသာပြောသည်။ သူကျောင်းသို့စရောက်စဥ်ကမူ လူအများထံမှလှောင်ရယ်ခံခဲ့ရသည်။ သို့သော်သူ၏ ကြောက်မက်ဖွယ် SSအဆင့်စိတ်စွမ်းအား နှင့် ကိုယ်ခံအားကို သိလိုက်ရလျှင် သူကချက်ချင်းဆိုသလို ကျောင်း၏ ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ကာ မက်ခါပြိုင်ပွဲတွင်လည်းဗိုလ်စွဲသွားလေသည်။