Chapter 2.1
သို့သော် ၀တ္ထု၏နောက်ထပ်ဇာတ်လိုက်တစ်ဦးဖြစ်သည့် သူနှင့်မေဂျာတူ စုကျီကျန်ကိုမူ အမြင်ကောင်းလေးများရှိလေသည်။ စုကျီနန်မှာမက်ခါများက်ုလည်းမောင်းနှင်နိုင်သလို၊ ကိုယ်ထည်အပျက်အစီးများကိုလည်းပြင်နိုင်သည်။ သီအိုရီအတန်းများတွင်လည်း အမှတ်ပြည့်ရသူပင်။
သူသည် စစ်တက္ကသိုလ်၏ထူးခြားသောတည်ရှိမှုလေးဖြစ်ကာ ချီယု၏နှလုံးသားထဲတွင်လည်းအထူးဖြစ်တည်မှုလေးအဖြစ်နေရာယူထားခဲ့လေသည်။
ဤသည်ကိုရိပ်မိသော ယွမ်ရှင်းကျဲမှာ သ၀န်တိုမှု မနာလိုမှုတို့ကြောင့် စုကျီနန်အာားနေ့တိုင်းလိုလိုပြသနာရှာတော့သည်။ဤသည်ကပင် ချီယုသည် ယွမ်ရှင်းကျဲအားပို၍မုန်းလာစေတော့သည်။ သူသည်စုကျီနန်အားအမှန်တကယ်မကြိုက်သေးလျှင်တောင် ယွမ်ရှင်းကျဲ၏လုပ်ရပ်များကြောင့် စုကျီနန်အပေါ်အပြစ်ရှိစိတ်အားနာစိတ်လေးများယိုဖိတ်လာရသည်။
နောက်ဆုံးတွင် ချီယုမှာ အများအမြင်ကိုဂရုမစိုက်တော့ပဲ စုကျီနန်၏လက်ကို ရဲရဲ၀ံ့၀ံ့ ဆုပ်ကိုင်လျက်" အချစ်ကိုဟော့မုန်းတွေနှင့်ထိန်းချုပ်မရ"ဟု အခိုင်အမာဆိုခဲ့သည်။ ထို့နောက် ယွမ်ရှင်းကျဲ
၏ဘ၀ကမူ လူရယ်စရာအဖြစ်အဆုံးသတ်သွားခဲ့ရသည်။ မခံစားနိုင်သော ယွမ်ရှင်းကျဲမှာ သူ၏ဂလင်းကိုဖြတ်ထုတ်ပစ်ခဲ့ပြီး ပိုး၀င်မှုကြောင့်ပင် သေဆုံးသွားခဲ့ရသည်။၀တ္ထုအကြောင်းမှတ်ဥာဏ်ကားဤနေရာတွင်အဆုံးသတ်ထားပြီး ယွမ်ရှင်းကျဲသည်လည်း၄င်းမှာ မူလကိုယ်ပိုင်ရှင်၏သေဆုံးသွားသောနေရာတွင် မှတ်ဥာဏ်ရပ်တန့်နေသည်ဟုသာတွေးလိုက်သည်။
အနက်ရောင်ယာဥ်တစ်စီးက ကော်ဖီဆိုင်ရှေ့တွင် ရပ်တန့်သွားလျက် ၄င်းပေါ်မှာ အရပ်ရှည်ရှည်နှင့် နက်ပြာရောင် ယူနီဖောင်းကို၀တ်ဆင်ထားသော အယ်လ်ဖာတစ်ဦးဆင်းလာခဲ့သည်။ ၀ိတ်တာတစ်ဦးက သူ့အားကြိုဆိုလျက် ထိုအယ်လ်ဖာက ကော်ဖီဆိုင်ထဲ၀င်လာခဲ့လျှင် အတွေးတွင်လွင့်မျောနေသော ယွမ်ရှင်းကျဲကိုတွေ့လိုက်ရတေ့ာသည်။