Chapter 18
[၀င်ခွင့်ပထမနေရာရရှိသူကစားသမား၊ ၀င်ခွင့်နံပါတ် ၀၂၉. ရမှတ် ၁၇မိနစ်၄၉စက္ကန့် ၀၆]
စက်ရုပ်အမျိုးသမီးလေသံကကြေညာလိုက်လျှင် ပရိတ်သတ်များမှာ ရှော့ခ်ရသွားတော့သည်။
လော့၀မ်ချွမ်းစံချိန်ချိုးလိုက်ပြန်ပြီ။
မနှစ်ကသူ့အမြန်နှုန်းထက်တောင် စက္ကန့်၂၀ပိုစောသေးသည်။"ဒါကအသန်မာဆုံးအယ်လ်ဖာရဲ့ အစွမ်းလား"
"သူကတကယ်ပဲကွပ်ကဲရေးဌာနကဟုတ်ရဲ့လား၊
မက်ခါဌာနကဘယ်သူမှသူ့ကိုမယှဥ်နိုင်တော့ဘူးလား""အရမ်းသန်မာလွန်းတယ်၊ သူ့ပြေးလမ်းကိုကြည့်လိုက်ဦး လုံး၀မျဥ်းဖြောင့်အတိုင်းပဲ၊ ဘာအတားအဆီးဖြစ်ဖြစ်အေးဆေးကျော်သွားတာ "
ယွမ်ရှင်းကျဲသည် သူကိုယ်တိုင်လည်း လော့၀မ်ချွမ်း၏ စိတ်စွမ်းအားနှင့် ကိုယ်ခံအားကို မနာလိုဖြစ်မိကြောင်း၀န်ခံရလိမ့်မည်။
အတားအဆီးအကုန်လုံးနှင့်သာရင်ဆိုင်ရလျှင် မည်သူမဆိုပင်ပန်းကာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လူအများစုမှာ အတားအဆီးများကို တတ်နိုင်သမျှရှောင်ရှားကြလိမ့်မည်။
သို့သော်လော့၀မ်ချွမ်းကမှုအတားအဆီးမှန်သမျှတည့်တိုးရင်ဆိုင်သည်ပင်။ တိုက်ရိုက်ထုတ်လွှင့်ပေးနေသော စက်လုံးသဏ္ဍာန်စက်ရုပ်မှာ ပထမဆုရှင်အားကြိုဆိုရန်လော့၀မ်ချွမ်း၏မက်ခါရှေ့သို့ပျံသန်းသွားခဲ့သည်။
ပရိတ်သတ်အုပ်ကြီးမှာတိတ်ဆိတ်လျက်။
"ငါကြားတာ လော့၀မ်ချွမ်းကအရမ်းပဲချောတာတဲ့"
လုရန်ရှုက ယွမ်ရှင်းနားကပ်လျက်တီးတိုးဆိုလိုက်သည်။
"အမှန်လားမသိဘူးနော်"
အော်ရီရယ်ကမူဘေးက ထေ့ငေါ့လာခဲ့သည်။
"မျက်လုံးနှစ်လုံး နဲ့ နှာခေါင်းတစ်ခုပါတာချင်းအတူတူပဲ ဘယ်နေရာကချောနေလို့လဲ"
ယွမ်ရှင်းကျဲ အညိုရောင်ဆံပင်နှင့် အယ်လ်ဖာအားသတိရသွားမိလျှင် သိပ်မဆိုးသော်လည်း "အရမ်းချောသည်"ဟူတော့မဆိုနိုင်ချေ။