Chapter 4.1
ယွမ်ရှင်းကျဲမှာတွေးတောနေရန် အချိန်မရှိချေ။
အဘယ်ကြောင့်ဆိုသော သူ၏မှတ်ဥာဏ်တုထဲမှ ကျောင်းအဖွဲ့၏ အသိပေးချက်ရောက်လာ၍ဖြစ်သည်။"ဆယ်မိနစ်အတွင်း D-201 လေ့ကျင့်ရေးကွင်းမှာ
မက်ခါလေ့ကျင့်ရေးစမယ်"ယွမ်ရှင်းကျဲ၏မျက်လုံးတွေတောက်ပသွားခဲ့သည်။
မက်ခါလေ့ကျင့်ရေးဟုတ်လား။
ဒါဆိုသူမက်ခါမောင်းလို့ရပြီပေါ့၊
သူကော်ဖီဆိုင်မှအမြန်ထွက်ခွာသွားခဲ့ပြီး သူ၏မှတ်ဥာဏ်တုကိုဖွင့်လျက် တက္ကသိုလ်မြေပုံကိုရှာကြည့်လိုက်သည်။ထို့နောက် လေ့ကျင့်ရေးကွင်းဆီအမြန်လျှောက်သွားလိုက်တော့သည်။
လမ်းတစ်လျှောက်တွင်ယွမ်ရှင်းကျဲ၏မျက်နှာမှာပြုံးရွှင်နေခဲ့သည်။ သူ၏ တကိုယ်လုံးမှာပေါ့ပါးနေပြီး ခြေလှမ်းတိုင်းမှာ ကောင်းကင်ကိုပျံတက်တော့မည့်နှယ်။
လေ့ကျင့်ရေးကွင်းထဲမျှော်လင့်ချက်အပြည့်နှင့် တက်ကြွစွာ၀င်လိုက်သော်လည်း ကျယ်လောင်သောအသံကြီး၏ကျိန်းမောင်းခြင်းကိုသာခံလိုက်ရလေသည်
"ယွမ်ရှင်းကျဲ၊ မင်းနောက်ကျပြန်ပြီ၊ နောက်ကျရတာအတော်ပျော်နေတယ်ဟုတ်လား၊ လေ့ကျင့်ရေးကွင်းကို ငါးမိနစ်စောလာပါလို့ငါမပြောခဲ့ဘူးလား၊ ဒီလထဲဘယ်နှကြိမ်ရှိနေပြီလဲဟမ်""တောင်းပန်ပါတယ်" ယွမ်ရှင်းကျဲ စိတ်ရင်းနှင့်တောင်းပန်ရင်းအတွင်းသို့လျှောက်၀င်လာခဲ့သည်။
သူသာမက်ခါကိုတစ်ကြိမ်လောက်မောင်းခွင့်ရသ၍ အဆူခံရလည်းကိစ္စမရှိချေ။ယွမ်ရှင်းကျဲ၏အတန်းမှာ မက်ခါတိုက်ခိုက်ရင်းပထမနှစ်၏တန်းခွဲEဖြစ်ကာ မေဂျာတစ်ခုလုံးတွင် အညံ့ဆုံးအတန်းပင်။
၄င်းကို မက်ခါဆရာဖြစ်သူ ကျိုးဖေးရွယ်၏ဆံပင်ဖြးများကိုကြည့်ကာသိနိုင်သည်၊
ကျိုးဖေးရွယ်မှာ အလွန်အသက်ကြီးနေပြီဖြစ်ကာအားနည်းပုံပေါက်လေသည်၊ ယခုလေးတင် ကျယ်လောင်သောဆူငေါက်သံကြီးကိုသာမကြားလိုက်ရလျှင် ကျိုးဖေးရွယ်အား လေ့ကျင့်ရေးကိုသန့်ရှင်းရေးလုပ်ရန်လာသောအလုပ်သမားဟုသာထင်သွားနိုင်သည်။