Chapter 23
သုံးရက်အတွင်းတွင် ယွမ်ရှင်းကျဲလည်းသူ၏မက်ခါကို စတင်အဆင့်မြင့်တော့သည်၊ သူ၏အလင်းဓါးမက်ခါမှာ အလင်းဓါးတစ်ချောင်းသာရှိသည်၊ နောက်တစ်ချောင်းသူပေါင်းထည့်လိုသည်။ သူ၏ညာဘက်လက်ရှိ သေနတ်အသေးစားလေးမှာလည်း မီးစွမ်းအင်မလုံလောက်ချေ။ တံတောင်ကွေးနှင့် ဒူးဆစ်နေရာများလည်းချောမွေ့ရန်လိုအပ်သည်ပင်။
အတွင်းဘက်အာရုံခံစနစ်များမှာလည်းအဆင့်မြင့်ရန်လိုအပ်သည်၊ သို့နှင့် ပစ္စည်းအမြောက်အများလိုအပ်လေသည်၊ သူသာအနီးအနားမှ စက်ရုံကိုသွား၍ လိုအပ်သည်တို့ကို၀ယ်လျှင် ၁၀၀၀၀၀နှင့် ဘယ်လိုမျှလောက်မည်မဟုတ်ချေ။
လိုအပ်သည့်ပစ္စည်းစာရင်းရှည်ကြီးကိုကြည့်လျက်
တချို့မလိုဘူးထင်သောပစ္စည်းများကိုပြန်ခြစ်ချလိုက်သည်၊"နာနိုမောင်းနှင်ရေး၀တ်စုံ.." ယွမ်ရှင်းကျဲထိုစာလုံးကိုကြည့်လျက် ခေါင်းအနည်းငယ်ကိုက်သွားသည်။ ဤမက်ခါအားယခင်ကတစ်စုံတစ်ယောက်မောင်းနှင်ဖူးသည်ဖြစ်ကာ နာနို၀တ်စုံအားအသစ်ပြန်လဲနိုင်သည်။ ယခင်ပိုင်ရှင်ကလည်းမက်ခါကိုအတော်ဂရုစိုက်ပုံပင်။ နာနိုဝတ်စုံမှာ အလွန်သန့်ရှင်းနေပြီး အသစ်အတိုင်းပင်။
"မေ့လိုက်တော့ လောလောဆယ်ဒါပဲ၀တ်လိုက်ဦးမယ်"ယွမ်ရှင်းကျဲသက်ပြင်းချလိုက်သည်။
"ငါ့မှာပိုက်ဆံရှိလာတော့မှလဲတော့မယ်"
ထိုလူမှာလည်းမိမိမက်ခါကို၀ယ်ခဲ့မှန်းသိမည်မဟုတ်သည်မို့ ဤ၀တ်စုံကိုပဲ ခဏလောက်ဆက်၀တ်နေလည်းပြသနာမရှိလောက်ချေ။ ထို့အပြင်ဤ၀တ်စုံမှာ ပူရှိန်းနံ့ဖျော့ဖျော့လေးယခုတိုင်စွဲကျန်ဆဲဖြစ်ကာ ၀တ်ဆင်သည့်အခါတိုင်းအလွန် သက်တောင့်သက်ဖြစ်မှုကိုခံစားရသည်။
ယွမ်ရှင်းကျဲ မှတ်ဥာဏ်တုထဲမှ စာရင်းအား အပြန်ပြန်အလှလှန်စစ်ထုတ်လိုက်သည်။ နောက်ဆုံးတွင် အမှန်တကယ်မဖြစ်မနေလိုအပ်သော ပစ္စည်းများသာလျှင်ကျန်ရစ်တော့သည်။ သို့သော်လည်း ကုန်ကျစားရိတ်မှာများနေဆဲဖြစ်ကာ ကြယ်ဒင်္ဂါးတစ်သိန်းခန့်ဆိုသည်မှာအတော်လေးဆွဲဆန့်ထားရတာဖြစ်သည်။