Chapter 10
အတန်းဖော် ငါတစ်ခုလောက်မေးလို့ရမလား" ယွမ်ရှင်းကျဲသည်မိမိရှေ့မှ ဘီတာမိန်းကလေးအားကြည့်လျက် ဆိုလိုက်သည်။
"စိတ်စွမ်းအားကCအဆင့်ဆိုရင် Bအဆင့်ယာဥ်ကိုနှိုးနိုင်တယ်ဆိုတာဖြစ်နိုင်လား"
မိန်းကလေးမှသူ့မေးခွန်းကြောင့် အနည်းငယ်ကြောင်အသွားလျက် အမြန်ပြန်ဖြေလာခဲ့သည်။
"သီအိုရီအရဆိုဖြစ်နိုင်ပါတယ်"
ကြီးစွာသောပျော်ရွှင်မှုက ယွမ်ရှင်းကျဲရင်ထဲမှလှိုက်တက်လာခဲ့သည်။
သို့သော်သူဘာမှမပြောနိုင်ခင်တွင် မိန်းကလေး၏နောက်ထပ်စကားက သူ့ပါးစပ်အားပိတ်လိုက်တော့သည်။
"ဒါပေမယ့် အဲလိုလုပ်နိုင်တဲ့ မက်ခါမောင်းနှင်ရေးသမားတွေက မာစတာအဆင့်တွေပဲ၊ ပြီးတော့ အင်ပါယာတစ်ခုလုံးမှာတောင်တော်တော်ရှားတာ"
ယွမ်ရှင်းကျဲသူမအားအကြောင်သားကြည့်နေမိသည်။ မိန်းကလေးမှာဤသည်ကိုမြင်လျှင် ယွမ်ရှင်းကျဲတစ်ယောက် စိတ်ဓါတ်ကျသွားမည်စိုးသဖြင့်
"ငါတို့လိုသာမာန်လူတွေကတော့ တဖြည်းဖြည်းအဆင့်တက်အောင် လုပ်တာကအကောင်းဆုံးပါပဲ"
ခဏအကြာတွင်းယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်ကာ
"အင်းကျေးဇူးတင်ပါတယ်"
ထိုစဥ်မှတ်ဥာဏ်တုဆီမှ လုရန်ရှု၏ခေါ်ဆိုမှု၀င်လာခဲ့သည်။
ယွမ်ရှင်းကျဲပြန်ဖြေလိုက်လျှင် လုရန်ရှု၏စိတ်လှုပ်ရှားနေသောအသံကိုကြားလိုက်ရသည်။
"ရှင်းကျဲ မင်းဘယ်ရောက်နေတာလဲ၊ မက်ခါလေ့ကျင့်ရေးအတန်းစတော့မယ်ကွ ၊ ၅မိနစ်စောပြီးလာ ကြားလား"
၄င်းကိုကြားလျှင် ယွမ်ရှင်းကျဲလည်း လေ့ကျင့်ရေးခန်းမဘက်အမြန်ပြေးတော့သည်။ မိန်းကလေးကမူ သူ၏ကျောပြင်ကိုကြည့်လျက် စိတ်မကောင်းဖြစ်လျက်ကျန်ရစ်လေသည်၊
သနားပါတယ် သူတအားစိတ်ထိခိုက်သွားရှာမှာ
လေ့ကျင့်ရေးခန်းမ၏တံခါးကို ယွမ်ရှင်းကျဲရောက်လျှင် အသက်ကိုမနည်းလုရှူနေရသည်။ ထိုစဥ်မှာပင် ကျိုးဖေးရွယ်၏အသံကထွက်ပေါ်လာခဲ့သည်။