Part 6

2.4K 81 5
                                    

ဒယ်ဒီကဆရာဝန်မို့
မင်းကမ္ဘာမှာ သက်သာသွားလေသည် ။

ဒယ်ဒီ့ဆီကို ရောက်ရောက်ချင်းမှာဘဲ
သူ့ကို ဆေးအရင်တိုက်လိုက်တာမို့ တရေးအိပ်ပြီး
နိုးလာချိန်မှာတော့ လူကလန်းဆန်းသွားလေသည် ။

ဒယ်ဒီထိုင်တဲ့ဆေးခန်းက တိုက်ပုံစံလေးမို့
နေရတာ သန့်သန့်ပြန့်ပြန့်တော့ရှိပါသည် ။

မြို့ကဆေးခန်းတွေလို လူနာသိပ်မရှိတာမို့
ဆေးခန်းထဲမှာ သူနဲ့ဒယ်ဒီသာ ရှိနေကြသည် ။

" သား စာတွေလိုက်နိုင်ရဲ့လား .."

" လိုက်နိုင်ပါတယ် .."

" ဒယ်ဒီ့ဆီလိုက်လာရတဲ့အကြောင်းက.. "

" မရှိပါဘူး .."

" ............"

ရွာကိုလိုက်လာရတဲ့အကြောင်းအရင်းကို
ဒယ်ဒီကမေးနေပေမယ့် ခေါင်းရမ်းလိုက်မိသည် ။

ဒါပေမယ့် ဒယ်ဒီက သူ့စကားကို
​ယုံကြည်တဲ့အရိပ်အယောင်မရှိတာမို့ ။

" ဒယ်ဒီရန်ကုန်ကို ပြန်မလာသေးဘူးလား
သားနဲ့တီငယ့်ကို ဒီတိုင်းပဲပြစ်ထားတော့မှာလား "

" ဘယ်လို .. ဒယ်ဒီက ပြစ်ထားတယ် ဟုတ်လား "

" ဒယ်ဒီ ဒီရွာကိုရောက်နေတာ ကြာလှနေပြီလေ
ဘာဖြစ်လို့ ရန်ကုန်ပြန်ပြောင်းလာဖို့မစဥ်းစားတာလဲ "

" ................ "

" ဒယ်ဒီမိန်းမယူဖို့စဥ်းစားရင်လည်း
ဒီကတော့မဖြစ်ဘူးနော် ရန်ကုန်ကိုပြန်လာပါဒယ်ဒီရာ "

" ဒယ်ဒီပြန်လာမှာပါ .. အခုမဟုတ်သေးပေမယ့်
ပြန်လာမှာလို့ သားကိုပြောထားတယ်မဟုတ်လား "

" သား ဒယ်ဒီ့ကိုပြန်ခေါ်ချင်လို့
အမကြီးလရိပ်ညိုနဲ့ ဒီအထိ လိုက်လာတာ
ဒယ်ဒီ့ကိုဖုန်းဆက်ပြီးတော့လည်း မပြောချင်ဘူး ..
သားရဲ့စကားတွေကို ဒယ်ဒီအလေးမထားမှာ
ဒယ်ဒီ လွယ်လွယ်လေးပြောလိုက်မှာကို မလိုချင်ဘူး
ဒယ်ဒီရန်ကုန်ကို လာတုန်းကလည်း သားရဲ့ကိစ္စတွေနဲ့မို့
သေသေချာချာမပြောလိုက်ရဘူး ..."

သူပြောနေတာတွေကို
ဒယ်ဒီက ဂရုတစိုက်နဲ့ နားထောင်ပေးလေသည် ။

🌙 လရိပ်ညို 🌙 Where stories live. Discover now