" ဟင့် .."
" ............. "
နားထဲမှာ တိုးသဲ့သဲ့ကြားလိုက်ရသည့် အသံလေးကြောင့်
လရိပ်ညိုမှာ အိပ်ပျော်နေရာမှ ဆတ်ခနဲဖြစ်သွားလေသည်..။သားသား ။
စိုးရိမ်စိတ်နဲ့အတူ မျက်လုံးတွေက ဖျတ်ခနဲပွင့်သည် ။
ဟင် ။
မျက်နှာရှေ့မှာ နီးကပ်စွာမြင်လိုက်ရတာက
သားလေးမဟုတ်ဘဲ မောင်ဖြစ်နေခဲ့လေသည် ။လရိပ်ညိုရဲ့ရင်ခွင်ထဲမှာ မျက်နှာအပ်ကာ
နှစ်ခြိုက်စွာအိပ်ပျော်နေသည့်မောင့်ကို တွန်းပြစ်ပြီး
ထ,ထိုင်လိုက်တော့ ဘေးနားမှာထိုင်နေတဲ့သားလေးကို
တွေ့လိုက်ရလေသည် ။" ဟင် .. သားသား
ဘာဖြစ်လို့လဲ မေမေ့သားလေးဘာဖြစ်လို့လဲ ..."ပတ်တီးစည်းထားသည့်လက်လေးကို
ပေါင်လေးပေါ်မှာတင်ပြီး ကျန်လက်လေးတဖက်က
မွေ့ယာပေါ်ကိုထောက်ထားရင်းလရိပ်ညိုကိုကြည့်နေတဲ့
မျက်ဝန်းလေးတွေထဲမှာ အရည်တချို့ရစ်ဝိုင်းနေတာကို
တွေ့လိုက်ရတာမို့ စိုးရိမ်စိတ်တို့နှင့်အတူ သားကိုယ်လေးကို
ပွေ့ချီလိုက်မိလေသည် ...။" သားဘာဖြစ်လို့လဲ
လက်က နာလို့လား ဟုတ်လားသား လာ မေမေ့ဆီလာ .."" ဟင့် .."
သားလေးက ဘာမှမပြောဘဲ
ရင်ခွင်ထဲကိုတိုးဝင်လာတာမို့ လရိပ်ညိုလည်း
သားလေးရဲ့ကျောပြင်လေးကိုပွတ်ပေးပြီးချော့မြူနှစ်သိမ့်ရလေသည် ။" သားဘာဖြစ်တာလဲဆိုတာ မေမေ့ကိုပြောနော်
လက်က နာလို့လား ဒါမှမဟုတ် ဗိုက်ဆာလို့လား .."" လရိပ် .. သားဘာဖြစ်လို့လဲ ..."
လရိပ်ညိုရဲ့တတွတ်တွတ်ပြောနေသံကြောင့်
မောင်လည်းနိုးလာကာ လရိပ်ညိုတို့သားအမိအနားကို
တိုးကပ်လာလေသည် ..။" မသိပါဘူးမောင်ရယ်
လရိပ်လည်းအိပ်ပျော်နေတုန်း သားငိုသံကြားလို့
မေးနေတာလည်း သားသားက ဘာမှမပြောသေးဘူး
သား .. မေမေ့ကိုပြောလေသားရဲ့ ဘာဖြစ်လို့လဲဟင် .."သားလေးရဲ့ကျောပြင်လေးကို ပွတ်သပ်ပေးရင်း
ချော့မေးနေပေမယ့် သားလေးကတော့ ရင်ခွင်ထဲမှာဘဲမျက်နှာလေးကိုဝှက်ပြီး ငြိမ်သက်နေလေသည် ..။
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...