" တီငယ် သားဂိမ်းစက်ပျက်သွားပြီ အသစ်ဝယ်ပေး "
မီးဖိုခန်းထဲမှာ အိမ်အကူဒေါ်ချိုနဲ့အတူ
ချက်ပြုတ်နေတဲ့ကေသရီရဲ့အနားကို မင်းကမ္ဘာက
စူပုတ်ပုတ်မျက်နှာလေးနဲ့ ရောက်လာလေသည် ...။" ဟယ် သားရယ်
သားကညတဖြေးဖြေးအတန်းကြီးလာပြီလေ
ဂိမ်းတွေချည်းပဲ ဆော့နေလို့ မရတော့ဘူးသားရဲ့ .."" မရဘူးဗျာ ဝယ်ပေးဆိုဝယ်ပေး .."
" ဟဲ့ .."
ဇွတ်တရွတ်ဆန်လှတဲ့ တူဖြစ်သူကို
ကေသရီ စိတ်ညစ်သလို လှည့်ကြည့်လိုက်တော့
မင်းကမ္ဘာကလည်း အလျော့မပေးတဲ့ပုံစံပြလေသည် ။ဖြူဝင်းတဲ့မျက်နှာလေးမှာ မျက်ကွင်းလေးတွေညိုနေတာက
ဂိမ်းတွေဘယ်လောက်ဆော့နေလည်း ဆိုတာကိုပြနေသည် ။ဖုန်းထဲမှာလည်း ဂိမ်းတွေထည့်ထားသလို
ကွန်ပြူတာနဲ့ကလည်း ဆော့သေးသည် ။အခုတော့ ဂိမ်းစက်တစ်ခုက ပျက်ပြန်ပြီတဲ့ .. ။
" တီငယ်မဝယ်ပေးလည်း
သားက ကိုယ့်ဖာသာသွားဝယ်မှာနော်
ဒါမှမဟုတ်လည်း ဒယ်ဒီ့ကိုလှမ်းဝယ်ခိုင်းမှာ .."" မင်းကမ္ဘာ ..."
" မရဘူးတီငယ်ရာ
သား အဲ့ဒီဂိမ်းစက်မရှိလို့မရဘူး .."မဲနက်နေတဲ့မျက်ခုံးလေးတွေစုကျုံ့ကာ
နှုတ်ခမ်းလေးတွေကပါ စုလုံးလာတာကြောင့်
ကေသရီ့မှာ အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းကို
အလျှင်အမြန်စဥ်းစားလိုက်ရလေသည် ..။" အဲ့ဒါဆိုရင်
သားနဲ့တီငယ် အလျော်အစားလုပ်ကြမလား .."" ဘာအလျော်အစားလဲ .."
သူမစကားကို စိတ်ဝင်စားသွားပုံရတာမို့
ကေသရီလည်း လက်ထဲကလုပ်လက်စ,အလုပ်တွေကို
အကူအဒေါ်ကြီးနဲ့ထားခဲ့ပီး တူဖြစ်သူရဲ့လက်ကိုဆွဲကာ
ထမင်းစားပွဲဘေးက ခုံမှာ ဝင်ထိုင်လိုက်သည် ။သိချင်စိတ်နဲ့ လိုက်လာတဲ့မင်းကမ္ဘာကလည်း
ကေသရီရဲ့မျက်နှာကိုသာ စူးစိုက်ကြည့်နေသည် ။" သားက အခုရှစ်တန်းဆိုတော့
လ,ပတ်စာမေးပွဲတွေကစ,ပြီးတော့ အမြဲတမ်း
အမှတ်ကောင်းကောင်းထွက်အောင် လုပ်ရမယ်
အဲ့ဒါဆိုရင် တီငယ်ကလည်း သားလိုချင်တဲ့ဂိမ်းစက်ကို
ဝယ်ပေးမယ်လေ ဘယ်လိုလဲ ..."
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...