" မတင်မာညိုက ဘာဖြစ်တာတဲ့လဲသမီး "
" အမေက အရင်ကတည်းကသွေးတိုးရှိတယ်ဆရာကြီး
အခု နှလုံးနဲ့ဆီးချိုလည်းစစ်တာတွေ့တယ်တဲ့ ဒုက္ခပါပဲ "
ဆရာကြီးနှင့်အတူတူ ရွာကိုပြန်လာတော့
လမ်းမှာဆရာကြီးက အမေ့ကျန်းမာရေးကိုမေးလာသည်။
တယောက်ထဲ ပူပင်သောက ရောက်နေရတာထက်
ဆရာကြီးလို ဆရာဝန်တယောက်ကို ရင်ဖွင့်ရတာက
လရိပ်ညိုအတွက် စိတ်ရောလူရောသက်သာစေပါသည် ။
" သိပ်လည်းစိတ်မပူပါနဲ့သမီးရယ်
ဒီရောဂါတွေက ပျောက်ကင်းအောင်မကုနိုင်ပေမယ့်
ဆေးကိုပုံမှန်သောက်ပြီး အစားအသောက်ဆင်ခြင်ရင်
သက်တမ်းစေ့နေသွားနိုင်ပါတယ် ဘာမှမဖြစ်ပါဘူး ..."
" လရိပ်အကြောင်းကိုသာသိရင်
အမေအဆင်ပြေနိုင်ပါ့မလားဟင်ဆရာကြီး
လရိပ်ကြောင့် အမေတခုခုဖြစ်မှာကြောက်တယ် "
" ဒီလမ်းကို သမီးရွေးခဲ့တာမို့လား
ကလေးမှာအပြစ်မရှိဘူးဆိုပေမယ့်လည်း
သမီးရင်ဆိုင်ရမှာတွေက မသေးဘူး ..."
" ................ "
" သမီးကိုယ်တိုင် သားကိုအသိမပေးပါနဲ့ဆိုသလို
အန်ကယ်လ်ကလည်း သားကိုအသိမပေးချင်ပါဘူး
သမီးဘက်ကနစ်နာမှုကိုသိပေမယ့် အန်ကယ်လ့်သား
သားလေးရဲ့ဘဝကို ဒီနားမှာဘဲမရပ်တန့်စေချင်ဘူးသမီး
ဒါက အန်ကယ်လ့်ရဲ့ ဖခင်တယောက်ရဲ့အတ္တတခုပါ ..."
" ................ "
" သမီးနဲ့ခွဲရတာကလွဲရင်
သားက ဟိုမှာအားလုံးအဆင်ပြေနေပါပြီ
ကျောင်းတက်ရတာလည်း အဆင်ပြေသလို
ကိုဇင်မောင်တို့မိသားစုကလည်း ဂရုစိုက်ကြပါတယ်
မိဘတယောက်အနေနဲ့ သားအဆင်ပြေနေတာသိရလို့
အန်ကယ်လ့်မှာဝမ်းသာရတယ် စိတ်ကျေနပ်ရတယ်သမီး
ဒါပေမယ့် သမီးဘက်မှာကျပြန်တော့လည်း .. ဟင်း ...."
ဆရာကြီးရဲ့နေရာမှာ လရိပ်ဆိုလျှင်လည်း
ဒီလိုပဲ ခံစားရမှာကို နားလည်ပါသည် ...။
အစကတည်းက
မောင်အဆင်ပြေဖို့ကိုသာ ဦးတည်ခဲ့တာမို့
ဆရာကြီးကိုအပြစ်မတင်သလို ကိုယ့်ကိုယ်ကိုလည်း
အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားမိသည်။
ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...
